" Hello "
" Hello ကိုနောက်မှပြော .... ငါ့ကိုခြံတံခါးလာဖွင့်
ပေး"" ဦးမာန် က အခု ဘယ်မှာမို့်လို့လဲ "
" ဟာ .... ငါအခုမင်းအိမ်ရှေ့မှာမို့ ခြံတံခါးလာဖွင့်
ခိုင်းတာပေါ့ဟ "နာရီကိုကြည့်လိုက်တော့ မနက် ကိုးနာရီပဲရှိသေးတာမို့ ဘယ်အချိန်ထဲက ထလာလို့ ခုချိန်ရောက်
လာတာလဲ လို့တွေးမိပေမဲ့ ----" ဟုတ် !!!! အခုထွက်လာခဲ့မယ် "
ခြံရှေ့ရောက်တော့ ကားကိုတွေ့လိုက်တာနဲ့ပဲ
တံခါးကို မြန်မြန်ဖွင့်ပေးလိုက်ပါတယ် ။ အိမ်ရှေ့မှာ
ကားရပ်ပြီး အိမ်ထဲတန်းဝင်သွားတာက သူ့အိမ်
သူ့ယာအတိုင်း ။ ဒီလူဟာ ဘယ်နေရာကိုပဲ ရောက်
ရောက် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်နဲ့ ။အဲလိုသူ့ကိုယ်သူ ယုံကြည်မှုလွန်ကဲတဲ့စိတ်ကြောင့်ပဲ တစ်ဖက်သားကို သွေးအေးအေးနဲ့ ရက်စက်နိုင်
တာထင်ပါရဲ့ ။ ဧည့်ခန်းထဲရောက်တယ်ဆိုရင်ပဲ---" မင်း အဖေ ရော "
" ဖေဖေ အလုပ်ကိုသွားပြီ .... အစောကြီးရောက်
လာတာဆိုတော့ .... ဘယ်အချိန်ထဲက လာတာလဲ"" ငါမနေ့ထဲကရောက်နေတာ .... ဒီကိုမလာအား
သေးလို့ "" အော်.... တစ်ခုခုစားမလား ... ကျွန်တော်စီစဉ်ခိုင်း
လိုက်မယ်လေ "" မစားတော့ဘူး .... ပြောစရာရှိလို့လာတာ...မင်း
အဖေ နဲ့လည်း ပြောရမှာမို့ ..... ပွဲနေ့အတွက်
ဝတ်စုံတွေရပြီ .... သူတို့ လာပို့ပေးလိမ့်မယ် ....
ဝတ်ကြည့်ပြီး အဆင်မပြေရင် တစ်ခါထဲ ပြောလိုက်
ပြီးတော့ လက်မှတ်ထိုးတာကို ဒီမှာပဲလုပ်မယ်....
ရှေ့လ ပထမပတ်ထဲလောက်လုပ်မလားလို့ ....
အဲကိစ္စကို မင်း အဖေ နဲ့ ပြောရဦးမယ် "လက်ထပ်ပွဲကို အမြန်လုပ်မယ်ဆိုတာကို သိထား
ပေမယ့် အခုလောက်အထိ မြန်မြန်ဆန်ဆန်တော့
လုပ်မယ်မထင်တာမို့ -----" လက်ထက်ပွဲကို ရှေ့လထဲမှာလုပ်မယ် ဟုတ်လား
..... အရမ်းကြီးမြန်မနေဘူးလား ဦးမာန် ရယ်... ရှေ့လကုန်ရင် ကျွန်တော် ကျောင်းပြန်တက်ရမှာ.... ကျောင်းဖွင့်ပြီးမှ အေးအေးဆေးဆေးလုပ်ပါလား "
YOU ARE READING
မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခွားတဈဖကျ ( Completed)
Fanfictionချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။ ချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။
မာန၏ အခြားတစ်ဖက် 🌟 Part -26 🚨
Start from the beginning