အပိုင်း (18) Uni/Zawgyi

Start from the beginning
                                    

ထိုအခါ သည်းကိုထိုအခန်းထဲခေါ်သွားတုန်းက ကိုကို့ရင်ဘက်ရဲပြီးအောင့်လာတာကို ပြန်သတိရမိသည်။

"ပြီးတော့ အဲ့ဒီနှင်းဆီပွင့်ဖက်တွေကုန်သွားရင် လိုင်းယ(န်) လူအသွင်ဆောင်တဲ့ခြင်္သေ့တစ်ကောင်အဖြစ်ကနေက ပြာကျပျောက်ကွယ်သွားလိမ့်မယ် "

သည်းဟာ အသားတွေပါ စက်စက်တုန်လာကာ ဘာလုပ်လို့လုပ်ရမှန်းမသိအောင်

"မင်းကြိုက်တဲ့လမ်းကိုရွေး မင်းကိုယ်တိုင် တိုက်ခဲ့တဲ့ကျိန်စာကြောင့် နှစ်၁၀၀၀ပေးဆပ်ခဲ့ရတဲ့ လိုင်းယ(န်)ကို ကယ်မလား မင်းကိုယ်မင်းပဲကယ်မလား တစ်ယောက်ကတော့ သေရမှာပဲ "

သည်းက လက်သီးဆုတ်လိုက်၍

"ကိုကို့ကိုရွေးမှာပါ သေချာပေါက် ကိုကို့ကိုပဲ..."

စကားလက် ပြုံးလိုက်ပြီး

"တော်တယ် သည်းဦးပန် နှင်းဆီပွင့်ဖက်က သိပ်မကျန်တော့ဘူးမင်းလုပ်စရာရှိတာမြန်မြန်လုပ်မှဖြစ်မယ် "

"ဒါဆို ဒီဂရီကရော! "

စကားလက်က သူမရှေ့က ဖန်ခွက်ကို ယူပြလိုက်ကာ ပေါ်လာသော Dream ဟိုတယ်ရှေ့က လမ်းမှာ စောင့်နေသည့် ဒီဂရီရဲ့ပုံရိပ်။

"မင်းအချိန်မှီသွားမှဖြစ်မယ် မဟုတ်ရင် ဒီဇာတ်လမ်းဟာ လွန်ခဲ့တဲ့နှစ်၁၀၀၀ကအတိုင်းပဲ ဒီဂရီလည်း လူးကပ်(စ်)လို သေရလိမ့်မယ်"

"ရှင်!!"

"မင်းကို လိုင်းယ(န်)ကသာ မြန်မြန်ပြောပြခဲ့ရင် ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး အခု အချိန်တွေက နောက်ကျကုန်တေ့ာ မလိုအပ်တာတွေ ဆုံးရှုံးရတော့မယ် နောက် ၁၅မိနစ်မှာ ဒီဂရီ ကား အက်စီဒင့်ဖြစ်လိမ့်မယ် မင်းတားနိုင်ရင် ရအောင်တားပေါ့ "

သည်းက ချက်ချင်း စကားလက်ရဲ့တိုက်ခန်းကနေ အလျှင်စလိုပြေးထွက်လာခဲ့၏။၁၅မိနစ်ဆိုသော အချိန်အတွင်း ရောက်အောင် သည်း Taxiငှား၍လာခဲ့သော်လည်း မီးပွိုင့်မှာမီးနီမိသဖြင့် သည်း ချက်ချင်း ဆင်းပြေးရပါတော့သည်။

သည်းကြောင့်နဲ့ တခြားလူတွေမထိခိုက်စေချင်ဘူး မဖြစ်ဘူးယ

ဘုရင့် သည်းဦးပန် (Completed) OCWhere stories live. Discover now