မုန့်ရန် လော်ရှို့ လည်ပင်းကို ပြန်ဖက်လိုက်တယ်။

"အတူတူပါပဲ။ခင်ဗျားလို ပင်လယ်မိစ္ဆာကြီးတစ်ယောက်လုံးရှိနေမှတော့ ပင်လယ်သတ္တဝါအသေးအမွှားလေးတွေကို ဘာလို့ကြောက်နေရမှာလဲ?? ကျွန်တော့်ကို အနိူင်လာကျင့်လို့ကတော့ ကျားငါးမန်းတွေ၊ဝေလငါးတွေ ဖြစ်နေပါစေဉီး ကျွန်တော့်အစား သူတို့ကို ခင်ဗျားကိုယ်တိုင် သင်ခန်းစာပေးလိုက်လေ။ကျွန်တော် ခင်ဗျားနဲ့ ပူးပေါင်းပေးမယ်"

"ဒါမျိုးလဲ သင်ပေးဉီးမှာ!"

လော်ရှို့  ကိုယ်ကိုတစ်ပတ်လှည့်ပြီး မုန့်ရန်ကို အုပ်မိုးလိုက်တယ်။ဒီနေ့ညအတွက် ခါးလေကျင့်ခန်းကို စတင်လုပ်ဆောင်လိုက်ကြလေတယ်....

[TN: ပင်လယ်ပုစွန်ဆိတ် Reader တို့ အတွက်မျက်ရည်နှစ်စက်😅]

မုန်ရန် ရဲ့ Junior အဖွဲ့ဝင် လုပ်ထုံးလုပ်နည်းတွေ လျင်မြန်စွာ အပြီးသတ်နိုင်ခဲ့တယ်။အခုချိန်ကစပြီး လင်စုန့်ထိုင် ရဲ့ အုပ်ထိန်းမှု မပါဘဲ ရနံ့ကုထုံးဌာနကို မုန့်ရန် အနေနဲ့ အလွယ်တကူ ဝင်ထွက်သွားလာခွင့်ရသွားပြီဖြစ်တယ်။မုန့်ရန် မှတ်တမ်းမှတ်ရာတွေ ထားသိုရာနေရာတွေကို အများဆုံးသွားရောက်ခဲ့ပြီး ရနံကုထုံးပညာရှင်တွေရဲ့ ပုံမှန် လုပ်ထုံးလုပ်နည်း မှတ်တမ်းတွေကို ဌားရမ်းလေ့လာခဲ့တယ်။

မုန့်ရန် ဌားရမ်းထားတဲ့ မှတ်တမ်းတွေထဲကနေ မှတ်စုတွေ ထုတ်နှုတ်ပြီးတဲ့ အခါ မှတ်တမ်းတွေကို ပြန်လည်အပ်နှံခဲ့တယ်။ဝူဖန်နဲ့ အတူ ကျောင်းကိုပြန်ဖို့ မုန့်ရန် မေးကြည့်ချင်နေတယ်။

အပန်းဖြေမားနေဆောင် အကျော်လေးမှာရှိတဲ့ တံခါးဖွင့်ထားတဲ့ အခန်းတစ်ခုထဲမှာ အလုပ်ရှုပ်နေတဲ့ လူတစ်စုရှိတယ်။ထိုလူစုထဲမှာ ဝူဖန်လဲ ရှိနေတယ်။

"စီနီယာ "

"မင်း မှတ်စုတွေထုတ်ပြီးသွားပြီလား?"

"ဟုတ်...စီနီယာတို့ ဘယ်လောက်ကြာဉီးမှာလဲ?"

" ခုအချက်ချင်းကြီးတော့ ပြီးမှာမဟုတ်သေးတာသေချာတယ်"

ဝူဖန် ဘေးဘီဝဲယာကို စိတ်ဆင်းရဲတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်တယ်။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now