Part (18) ( အချစ်နှင့် ပြောင်းလဲလာသော အတွေးများ )

Start from the beginning
                                    

" သခင်လေးကို Bossက ရုံးခန်းထဲမှာစောင့်နေဖို့ပြောထားပါတယ် ဟို အစည်းအဝေးကပြီးတော့မှာပါ သခင်လေးရယ် ခဏလေးသည်းခံစောင့်လိုက်ပါနော် "

လက်မှနာရီကိုတစ်ချက်ကြည့်လိုက်ပြီး ညို့ခေါင်းငြိမ့်လိုက်သည်။ နည်းနည်းတော့အချိန်ရပါတယ် ၊ ဒါပြီးရင်တော့ မင်္ဂလာပွဲတစ်ခုကိုသွားရဦးမည် ။ဟိုဘက်က orderတွေလာယူမယ်ဆိုသော်ညား ဆိုင်ဘက်က ပွဲပြီးတဲ့အထိ တာဝန်ယူဖို့ ပြောထားတာကြောင့် သွားရမည်ဖြစ်သည်။

" တစ်နာရီအချိန်ရသေးပါတယ် သွားရအောင်လေ "

" သခင်လေး ဒီဘက် "

ဓာတ်လှေကားထဲ ဝင်သွားသူနှစ်ယောက်ကိုကြည့်ရင်း ဝန်ထမ်းမလေးက အံ့သြနေသည်။ အဲ့ဒီအမျိုးသားက ဘယ်သူမို့ ကိုဝေယံက သခင်လေးလို့ခေါ်နေရတာလဲ။ Bossရဲ့ ညီလေးများလား။

" ဟဲ့ ဟဲ့ အဲ့ဒါဘယ်သူလဲ ချောလိုက်တာ ကိုရီးယားမင်းသားလေးကျနေတာပဲ ငါလေ နင်နဲ့အဲ့ဒီကောင်လေး စကားပြောနေတာကို အားတွေကျနေတာ "

" Bossကိုလာရှာတာတဲ့ ၊ သူ့ညီထင်တာပဲ "

" ညီတော့မဖြစ်နိုင်ပါဘူး Bossက တစ်ဦးတည်းသောသားလေ ပြီးတော့ ရုပ်လည်းမတူဘူး ၊ Bossက အသားနည်းနည်းညိုပြီး နိုင်ငံခြားရုပ်ထွက်တယ် ၊ ဒီတစ်ယောက်က နုဖက်ပြီးဖွေးအုနေတာဟဲ့ တစ်စက်မှမတူဘူး ငါထင်တာ သူကBossနဲ့များ အဟင်း "

" နင့်အတွေးတွေမှောင်နေပြီ သီရိရေ ၊ နင်အဲ့လိုပြောနေတဲ့အချိန် ကိုယ့်ရုပ်ကိုမှန်ထဲပြန်ကြည့်ဦး သွားကြီးကိုဖြီးနေတာပဲ "

သီရိက နည်းနည်းတော့ရယ်ရသည်။ သူက ဖူဂျိုရှိဆိုလား ဘာလား ယောကျာ်းလေးနှစ်ယောက်ကြိုက်တာကို ထောက်ခံတာတဲ့။ ပြီးတော့ ဝက်ပက်ဆိုတာတွေလည်းဖတ်သေးတယ်။ ရုံးချိန်မှာအဲ့ဒါတွေထိုင်ဖတ်နေလို့ သူအမြဲနောက်ကျမှပြန်ရတာ။

<<<<<<
>>>>>>

" ဝေယံ အကို ဓာတ်လှေကား ကြာကြာမစီးနိုင်ဘူး မူးတယ် "

" ဗျာ ဟုတ် ရောက်တော့မှာပါ သခင်လေး ခဏလေးသည်းခံပါဦး "

သခင်လေးနဖူးက ချွေးစေးတွေထွက်နေပြီး မူးဝေနေသည့်ပုံပေါက်တာကြောင့် ဝေယံ လိုရာအထပ်ကိုမြန်မြန်ရောက်ဖို့ဆုတောင်းနေလိုက်သည်။ Cityက အထပ်ပေါင်း 20 ရှိပြီး ခေါင်မိုးထပ်တစ်ထပ်ရှိသည်။ ခေါင်မိုးထပ်တွင် ရေကူးကန်နှင့် ပန်းပင်တစ်ချို့ရှိပြီး ထိုနေရာကို Bossသာသွားခွင့်ရှိသည်။ ဓာတ်လှေကားပွင့်သံကြားတော့ သခင်လေးက လှစ်ခနဲထွက်သွား၏။ အပြင်ရောက်မှ အသက်ဝဝရှုနေလေသည်။

ASTILLBE (Completed)On viuen les histories. Descobreix ara