နွေဦးလေပြေ🤍(အပိုင်း_၂၃)

Start from the beginning
                                    

ချက်ချင်းကြီး။
ချက်ချင်းကြီးအကိုစိမ်းကားသွားပြန်ပြီ။

အင်း သိပ်တော့ထူးဆန်းသည့်အကြောင်းအရာတော့မဟုတ်ပါလေ။
အကိုဆိုသည်မှာ မိုးသားအတွက်ဆို အခုကောင်း‌ နေပေမယ့် နောက်နေ့ယခုလို သူစိမ်းပြင်ပြင်ဖြစ်ချင်လည်းဖြစ်သွားတတ်သည်ပဲ။

အကိုအခုလိုစိမ်းကားခဲ့အခါတိုင်း ရေချိုးခန်းထဲပြေးငိုခဲ့ရသလို
အကိုချော့မြှူလာတဲ့အခါလည်း နာကျင်ခဲ့ရတာတွေမေ့ပြီး အကို့ဆီပြန်ပြေးမိတာပဲ။

“အကိုကနားလည်ရခက်လိုက်တာ”

တွေတွေလေးငေး၍ဆိုရှာတဲ့ထိုကောင်လေးအကြည့်တွေကိုရှောင်၍ သူ့လက်ထဲကမိမိလက်တစ်ဖက်ကိုရုန်းထွက်လိုက်သည်။

“ကိုယ့်ကိုယ်ကိုတောင်သေချာနားမလည်တာ မင်းကနားလည်ဖို့ကြိုးစားမနေပါနဲ့။ပြီးတော့ ကိုယ့်အကြောင်းကိုသိပ်သိသလိုလဲမနေနဲ့။မင်းကိုယ့်ကိုသေချာမသိသေးဘူး။
ဟုတ်ပြီလား ကိုယ်သွားပြီ။
နောက်တစ်ခါမကျစေနဲ့တော့”

လက်သီးလေးကိုတင်းနေအောင်ဆုပ်၍ကျန်ခဲ့သောကောင်လေးကိုမြင်မိသော်ငြားလည်း သူပြန်လှည့်မကြည့်ချင်တော့ပေ။

ဒီကောင်လေးကြောင့်.....
ဒီလိုအမူအရာတွေကြောင့် သူမပြတ်မသားဖြစ်နေတဲ့စိတ်တွေကိုရပ်လိုက်သင့်ပြီ။
နောက်ထပ်မျှော်လင့်ချက်ပေးလို့မဖြစ်ဘူးမလား။
မင်းအတွက်ပါမိုးသားရောင်။မင်းအတွက်ပါ။

ကိုယ့်ကိုယ်ကို သိပ်နစ်နာသူကြီးလိုခံစားပြမနေပါနဲ့။
ငါလည်းပြိုလဲခဲ့ရသူပါ။ငါလည်းနစ်နာခဲ့ရသူပါ။

မင်းကဟိန်းထက်ကြောင့် ငါ့ကိုလက်လွှတ်ခဲ့ရတယ်ဆိုရင် ငါကလည်းမင်းကြောင့်ဟိန်းထက်ကိုလက်လွှတ်ခဲ့ရသူပဲ။

ငါလည်းမင်းလိုပေါက်ကွဲပစ်ချင်တယ်။ဒီလောက်လူတွေအများကြီးထဲမှာ ဘာလို့ငါ့ကိုမှရွေးပြီး သောက်ရူးလိုချစ်နေရတာလဲမိုးသားရောင်။
ဘာလို့ဟိန်းထက်အချစ်ဆုံးသူငယ်ချင်းကမင်းဖြစ်နေရတာလဲမိုးသားရောင်။

________________💚_______________

“မိုးသားနဲ့ဖြစ်တဲ့ပြဿနာကိုကိုယ်သိခွင့်ရှိပြီလားဟိန်းထက်”

နွေဦးလေပြေ🤍Where stories live. Discover now