နွေဦးလေပြေ🤍(အပိုင်း_၂၃)

Start from the beginning
                                    

ကျတော့လည်းလူလိုကျတာမဟုတ်ဘူး‌။ခွေးကျဝက်ကျ,ကျတာ။တစ်ရာဖိုးဖြေတာ ၄၀ကျော်နဲ့ကျစရာလား။

အကိုသိရင်ဆူတော့မှာပဲ။မနက်lectureမဝင်ခင်မြန်မြန်ပြန်ဖြုတ်ရင် ကျေးဇူးမမေ့ပါဘူးတီချယ်ရယ်။

“ဘာတွေကြည့်နေတာလဲမိုးသား”

“အမလေးဗျ”

ရှေ့ကအမှတ်စာရင်းကိုကြည့်ရင်း အသဲအသန်ကြည့်နေတုန်း နောက်ကအကို့အသံကြောင့်မိုးသားထိုင်ငိုချင်သွားသည်။ဘုရားသခင်က သူ့ဆုတောင်းကိုဒီလိုမြန်မြန်ဖြည့်ဆည်းပေးရလား။
မိုးသားစာကျက်ပျင်းခြင်းအပေါ်ပထမဆုံးနောင်တရမိသည်။

“ဟီး ဘာမှမဟုတ်ဘူးအကို။ဟိုဘက်ကလေကောင်းလေသန့်ရတယ်။ဟိုနားသွားထိုင်ရအောင်နော်”

မိမိလက်ကိုအတင်းဆွဲ၍notice boardနှင့်ဝေးရာသို့သွားရန်စိတ်လောနေသောကောင်လေးကြောင့် ခန့်ထည်အသာလိုက်သွားလိုက်သည်။

ဒီကောင်ဒီလိုလုပ်နေတာနဲ့သူမသိဘူးထင်နေတာလား။
ခန့်ထည်ဝါကိုအထင်သေးလွန်းသွားပြီ။

ညနေlectureကအထွက်ထဲက မိမိကအမှတ်စာရင်းကိုတွေ့ပြီးပြီဖြစ်သည်။
ဒင်းသာဘယ်ဆီစိတ်ရောက်နေလို့ ကိုယ့်အမှတ်စာရင်းထွက်မှန်းတောင် မသိနိုင်ဖြစ်နေရတာလဲ။

“တော်တော့မိုးသား။အပိုတွေလုပ်မနေနဲ့ မင်းစာမေးပွဲကျတာငါသိပြီးသား”

ထိုအခါမှမိမိဘက်ကိုလှည့်ကြည့်ပြီး ဇက်ကလေးပုသွားလေသည်။

“အကိုမဆူဘူးမလား”တဲ့။

“မင်းဘဝနဲ့မင်းပဲ‌လေ။မင်းကြိုးစားရင်အဲ့အသီးအပွင့်ကိုမင်းရောမင်းမိသားစုပါခံစားရမယ်။မကြိုးစားရင်လည်းအဲ့အတိုင်းပဲ။
ငါ့မှာမင်းကိုဘာမှပြောစရာမရှိဘူး။ပြောခွင့်လည်းမရှိဘူး။တတ်နိုင်သလောက် မင်းကိုစာကြိုးစားဖို့ငါဆုံးမခဲ့ပြီးပြီပဲ”

အကိုကထိုစကားများကိုတွန့်ဆုတ်ခြင်းမရှိဆက်တိုက်ပြောချလာသည်။မျှော်လင့်ချက်တွေရိုက်ချိုးခံလိုက်ရသလိုပင်။
အနည်းဆုံးတော့ အကိုဆူတာခံရမည်ထင်ခဲ့တာ။
အကိုကပညာသားပါပါမိုးသားနဲ့ပတ်သတ်သမျှသူနှင့်ဘာပတ်သတ်မှုမှမရှိကြောင်း တည်တည်ငြိမ်ငြိမ်ပဲဖွင့်ထုတ်ခဲ့သည်။

နွေဦးလေပြေ🤍Where stories live. Discover now