"မျက်နှာသစ်တဲ့ဆပ်ပြာလေဗျာ facial foam"

ဘတ်ဟျွန်းရဲ့စကားကြောင့်အထိန်းတော်တွေနဲ့အပျိုတော်တွေပါရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။တကယ်တော့ဘတ်ဟျွန်းပြောလိူက်တာသူတို့တစ်ယောက်မှ နားမလည်ကျ

"အမျက်တော်မရှပါနဲ့ ခုပဲကျွန်တော်မျိုးမသွားယူပေးပါ့မယ်"

အပြေးထွက်သွားတဲ့အထိန်းတော်အာပြဲကိုကြည့်ပြီး
စိတ်ပျက်လက်ပျက်သက်ပြင်းချလိုက်ရသည်။

"ရပါပြီ ကြင်ယာတော်လေး"

"ဟင် ဒါကမျက်နှာသစ်ဆပ်ပြာ"

လက်ထဲကိုထည့်ပေးလာတာက ငယ်ငယ်ကအဝတ်လျှော်ရင်သုံးတဲ့ ရွှေဝါလိုဆပ်ပြာခဲဝါဝါကြီး။
ဘာမှဆက်မပြောတော့ပဲရေနဲ့သာမျက်နှာသစ်ချလိုက်တော့သည်။

ခဏအကြာတော့ စားပွဲဝိုင်းကြီးမှာဟင်းအမျိုးအမည်ပေါင်းစုံနဲ့ထမင်းပါချပေးလာသည်။ မနက်စာကို ပေါင်မုန့်လောက်နဲ့ပဲဖြေရှင်းတတ်တဲ့ဘတ်ဟျွန်းက အခုတော့အရသာရှိရှိစားရတော့မယ်ထင်ပါသည်။တူကိုကိုင်လိုက်မှမနေ့ကဝယ်လာတဲ့ခေါက်ဆွဲဘူးနဲ့တော့ပိုကီကိုသတိရသွားရသည်။

"အထိန်းတော်ကြီး ဒီနားခဏလာပါဦး"

အာပြဲအထိန်းတော်ကြီးလဲဘတ်ဟျွန်းနားတစ်ရွေ့ရွေ့သွားပြီးခပ်ကုပ်ကုပ်လေးထိုင်လိုက်သည်။

"မနေ့ကလေ ကျွန်တော်ဒီရောက်လာတုန်းက လွယ်အိတ်နဲ့မုန့်ထုပ်လေးများတွေ့မိသေးလား"

"ကြင်ယာတော်မင်းသား သတိလစ်နေတုန်းက
ဘေးမှာစာအုပ်တစ်အုပ်ရယ် အထုပ်လေးတစ်ထုပ်ရယ်ပါပါတယ်။ စာအုပ်ကမင်းကြီးယူသွားပြီး အထုပ်လေးကိုတော့ မင်္သကာဖွယ်အရာတွေဆိုပြီး လွှင့်ပစ်ဖို့စေခိုင်းခဲ့ပါတယ်"

"အထုပ်ကအသေးလား အကြီးလား"

"အသေးပါ အထဲမှာဘူးလိုမျိုးပစ္စည်းနှစ်ခုပါပါတယ်
ကြင်ယာတော်လေး"

"ဘာ ငါ့ခေါက်ဆွဲဘူးနဲ့တော့ပိုကီဘူးကို ဘဲကြီးက
လွှင့်ပစ်လိုက်တယ်ပေါ့"

"မသင်္ကာဖွယ်အရာတွေမလို့ပါတဲ့"

"ဘယ်ကိုလွှင့်ပစ်လိုက်တာလဲ"

Imaginary SphereWhere stories live. Discover now