အပိုင်း (16) Uni/Zawgyi

Start from the beginning
                                    

" Justin. ...Justin....Oh my God Justin. .."

သည်းဟာ လမ်းကူးလာကတည်းက Justin ရဲ့ နာမည်ခေါ်ပြီး ပြေးလာသည်မို့ Justin ရော Hailey ရော သည်းကို သတိပြုကြသည်။ သူမသည် Drew ဝမ်းဆက်အဝါရောင်ဝတ်ထသော Justin အနားရောက်လာသည့်အခါ

" Hey "

Justin ဟာ သူ၏ အရူးအမူး Fan girl တစ်ယောက်ဆိုတာ မြင်ရုံနှင့်အတတ်သိနိုင်သော သည်းအား Hey ဟု စတင်နှုတ်ဆက်လိုက်လျှင်

" Oh my God. ..Is it Real? Oh my God!"
" ဘုရားရေ ဒါက တကယ်ကြီးလား ဘုရားရေ "

သည်းဟာ မျက်လုံးပြူးမျက်ဆံပြူးနှင့် ဆံပင်တွေကိုထိုးဖွလိုက်ပြီး

" I. ..I. ..can't believe it! Oh my god. ..I meet Justin Bieber Now! "
" သည်း... သည်း မယုံနိုင်ဘူး ဘုရားရေ အခု သည်းက Justin Bieber နှင့် တွေ့နေရတယ်တဲ့ "

စကားတောင်ကောင်းကောင်းမပြောနိုင်သော သည်းကို Justin ရော Hailey ရောက ပြုံးလျှက်ကြည့်နေပြီး Justin က ရယ်လိုက်ကာ

" Yeah! This is real,girl.You meet me! "
" ဟုတ်ပါတယ်ကောင်မလေး ဒါက တကယ်ပါ မင်းငါ့ကို တွေ့နေရတာပါ "

သည်းမှာ ငိုတော့မည့်မျက်နှာကလေးကြောင့် Justin ဟာ သူမကို ပွေ့ဖက်နှုတ်ဆက်လိုက်သည့်အခါ

" Justin. ..You know. ..I'm your belieber from Myanmar. You are my childhood first love. And...I love you.... I love you so much Justin! "
" Justin ရှင်သိလား သည်းက မြန်မာနိုင်ငံက ရှင့်ရဲ့ အမာခံပရိတ်တစ်ယောက်ပါ ရှင်က သည်းရဲ့ ကလေးဘဝအချစ်ဦးပါပဲ ပြီးတော့ အရမ်းချစ်တယ် Justin "

Justin ကိုတင်းကြပ်စွာပွေ့ဖက်ပြီး သူမအရမ်းပြောချင်ခဲ့ဖူးသော စကားအချို့ကိုပြောလိုက်သည်။

" Yeah I know girl. I love you too! "
" ငါ သိပါတယ်ကောင်မလေး ငါလည်း မင်းကို ချစ်ပါတယ် "

သည်းသည် Justin ပြောလိုက်တဲ့ I love you too ဆိုသည့်နေရာမှာတင် ထိုနေရာမှာ မေ့လဲသွားလိုက်ချင်ပါသည်။

Justin ရဲ့ ရွှေရောင်ဆံပင်တွေ အညိုရောင်မျက်လုံးတွေ သူမ အရမ်းပွေ့ဖက်ချင်ခဲ့ဖူးသည့် သူ၏ရင်ခွင်ထဲမှာအထိ သူမ အမှန်တကယ် မြင်ခဲ့ထိတွေ့ခွင့်ရခဲ့ပြီဖြစ်သည်။

ထို့နောက် သူမတို့ကို ဘေးမှာ ပြုံးကြည့်နေသည့် Hailey Bieber သည်လည်း သူမ အားအကျရဆုံး မိန်းကလေးတစ်ဦးဖြစ်လေရာ

ဘုရင့် သည်းဦးပန် (Completed) OCWhere stories live. Discover now