အပိုင်း (16) Uni/Zawgyi

Start from the beginning
                                    

" မျက်လုံးမှိတ်ထား "

သည်းက မျက်လုံးကလေး အသာမှိတ်လိုက်သည့်အခါ ရုတ်တရက် ရင်ထဲမှာ အေးခနဲ ခံစားလိုက်ရပြီး ထူးဆန်းသော တစ်ကြိမ်တစ်ခါမှမထိတွေ့ဖူးသည့် ပတ်ဝန်ကျင်ရဲ့အငွေ့အသက်တစ်မျိုးကိုခံစားလိုက်ရ၏။

" မျက်လုံးဖွင့်ကြည့် လို့ရပြီ "

ကိုကိုစေခိုင်းသည့်အတိုင်း သည်းဟာ ရင်ခုန်စိတ်လှုပ်ရှားစွာ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ သည်းမှာ မယုံကြည်နိုင်စွာ မျက်လုံးတွေအပြူးသားနှင့် ကြက်သီးတွေတောင်ထသွားရ၏။

ကိုကို့ကိုတစ်လှည့် သူမရောက်နေသော ကြီးကျယ်လှပသည့် Cafe တစ်ခုရှေ့က လမ်းမပေါ်ရှိ အနောက်နိုင်သားများ စတိုင်မိုက်မိုက်နှင့် သွားလာနေကြသော အမေရိကန်လူမျိုးများကိုတစ်လှည့် ထို့နောက် ဘေးပတ်လည်မှာရှိသော ကျယ်ပြန့်လှသည့်လမ်းမကြီးများနှင့် အလွန်မြင့်မားလှပလှသည့်အဆောက်အဦးကြီးများကိုတစ်လှည့် သူမ မျက်စိတစ်ဆုံးလှည့်ငေးနေမိသည်မှာ ကိုကို့ကို စကားပြောဖို့ပင်မေ့လျော့စွာနေခဲ့သည်။

" ကို...ကိုကို...ဒါ ဒါ ဘယ်မှာလဲဟင်! "

" New York "

ကိုကိုဟာ သည်းကိုငုံ့ကြည့်ပြီး ပြုံးလျှက်ဖြေလိုက်သည့်အခါ သည်းဟာ ပါးစပ်တောင်မပိတ်နိုင်ဘဲ ကိုကို့ကို မော့ကြည့်နေမိသည့်ကြားမှာ ကိုကိုဟာ သည်းအနားသို့ ငုံ့လျှိုးလာပြီး သည်းရဲ့ ပုခုံးလေးကိုပုတ်ကာ မျက်နှာချင်းဆိုင်က Cafe ကို လှမ်းကြည့်ဖို့ မေးဆက်ပြလျှင် သည်းသည် အူလည်လည်နဲ့ ထို Cafe သို့ လှည့်ကြည့်လိုက်ပြီး သူမရဲ့ ခပ်ဟဟ ပါးစပ်ကလေးဟာ အကျယ်ဆုံးဟသွားလျှက်

" အား......"

လက်နှစ်ကို ပါးစပ်မှာ အုပ်ပြီး အကျယ်ဆုံးအော်ပစ်လိုက်၏ ။ လိုင်းယ (န်) ဟာ Suprise ဖြစ်သွားသည့် သူမပုံစံကို ပြုံးပြုံးကြီးကြည့်နေတုန်း သူမဟာ လမ်းရဲ့ တစ်ဖက် Cafe ထဲမှ ထွက်လာကြသော Coffee တစ်ဘူးစီကိုင်ထားကြသည့် Justin Bieber နှင့်သူ၏ ဇနီး Hailey Bieber ဆီ အပြေးသွားတော့သည်။

ဘေးမှာလည်း ပါပါရာဇီတစ်ချို့နှင့် ဘော်ဒီဂတ် အချို့လည်းရှိသည့်အပြင် အခြား Fan များလည်း ဘေးပတ်လည်မှာ အနည်းငယ်ရှိကြ၏။

ဘုရင့် သည်းဦးပန် (Completed) OCWhere stories live. Discover now