အပိုင်း - ၂၁ ( Uni + Zaw )

Start from the beginning
                                    

အရွယ်ရောက်ကတိုးကောင်တို့မှာ အမြင့် 20 လက်မ ၊ အလျား 3 ပေရှိသည် ။ ကတိုးဆီအား ကတိုးကောင်ထီးတို့၏ ဝမ်းဗိုက်အောက်ရှိ ဂလင်းအိတ်မှထုတ်ယူရသည် ။ ဂလင်းအိတ်သည် သံပုရာသီးအရွယ်ခန့်သာရှိပြီး ကတိုးဆီတစ်အောင်စခန့်သာ ပါဝင်သည် ။

ညဘက်ကျတ်စားသောအကောင်များဖြစ်သည့်အပြင် ရှားပါးတိရစ္ဆာန်မျိုးနွယ်များဖြစ်သည်မို့ ကတိုး‌ဆီသည် ရှားပါးပြီးဈေးကောင်းလှလေသည် ။ ကတိုးဆီသည် အလွန်စူးရှကာ တာရှည်ခံသဖြင့် ရတနာသဖွယ်တန်ဖိုးထားကာ သုံးကြရသည် ။

ကတိုးကောင်မျိုးစိတ် ( ၇ ) မျိုးရှိသည့်အနက် မြန်မာနိုင်ငံတွင် ကတိုးကောင်နက်ကိုသာ တွေ့ရသည် ။

ဦးစိုင်းကလဲ ရှီးပုတီးအချို့ကိုသာဝယ်ကာ ဆိုင်ထဲမှထွက်လာကြသည် ။ ညနေစောင်းလေပြီမို့ စားသောက်ဆိုင်ငယ်လေးတခုထဲဝင်ကာ ဟာသောဝမ်းဗိုက်ကို‌ဖြည့်တင်းကြသည်။

ဒေသထွက် ရိုးရာ အစားအစာများဖြစ်သော ပန်းအားလူးပဲပုတ်ထောင်း၊ ရေခဲငါးချောက်ထောင်း တို့နှင့်အတူ ချဉ်ချဉ်စပ်စပ် ချဉ်ရည်ဟင်းလေးသည် အအေးဒဏ်နှင့်ပေါင်းစပ်လိုက်သညိ့အခါဝယ် နွေးထွေးလွန်းလှသည် ။

" ပူတာအိုက တကယ်လည်မယ်ဆို နှစ်ရက် ၊ သုံးရက်လောက်မှကောင်းတာဗျ ။ နတ်ကျွန်း ၊ ကျောက်နဂါး ၊ ပြန်လမ်းမဲ့ရေကန် ၊ လီဒိုလမ်းမကြီး ၊ ခါကာဘိုရာဇီတောင် ၊ ခါကာဘိုရာဇီအမျိုးသားဥယျာဉ် နဲ့ ရဝမ်မနောကွင်းတွေကို လည်ဖို့တွေကျန်သေးတယ် ။

ပူတာအိုက တကယ်လှတဲ့ဒေသမို့လို့ နောက်တခါထပ်လာပါဦး ။ "

" လာရမှာပေါ့ ဟူရဲ့ ။ နောက် ၂ လ‌ကျရင် အတိအကျပြန်လာခဲ့မှာ ။ အဲ့အခါကျရင်တွေ့ရမယ့် တယောက်သောသူလေးကတော့ ထွက်မပြေးလောက်ဘူးလိူ့ထင်တာပဲ ။ "

" ထွေးလဲ ထပ်နေချင်ပါသေးတယ် ရဂွန်းရယ် ။ ဒါပေမယ့် ထွေးတို့က အလုပ်တွေကို မနက်ဖြန်အထိပဲရှင်းခဲ့ရတာ ။ နောက်တခါကျရင် အလုပ်တွေကို လုံးဝအပြတ်ရှင်းပြီးမှလာတော့မယ် ။ "

" အဟမ်း ကောင်းတာပေါ့ဗျာ ။ "

မလုံမလဲဖြစ်နေသည့် တစုံတယောက်ကတော့ ဧကရဲ့ အကြည့်များအား ရှောင်ဖယ်နေလေသည် ။ ထွေးကလဲ စကားဝိုင်းထဲကို ဟူ့အားပါအောင် ဆွဲထည့်ပြောသည် ။ ဪ ထွေးသည် မောင်ငယ်အား လင်ရစေဖို့ စိတ်အားထက်သန်လွန်းနေလေသည် ။
မသိလျှင် သူကိုယ်တိုင် ယောကျာ်းရတော့မည့်အတိုင်းပင် ။
မလွယ် ၊ မလွယ် ။ ဆောင်းဧကထွေးငယ်ဟာ ဧကနှင့်နာမည်နဲ့ရုပ်ဆင်ရုံသာဖြစ်ပြီး ဘာလို့ အဲ့လောက်ကွာခြားနေပါလိမ့် ။

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_CompleteWhere stories live. Discover now