နွေဦးလေပြေ🤍(အပိုင်း_၂၂)

Start from the beginning
                                    

ရှေ့တွင်မျက်ရည်တွေတလိမ့်လိမ့်ကျ၍အသံမထွက်ဘဲကျိတ်ငိုနေသည့် မိုးသားကြောင့်မိမိလည်းစိတ်မကောင်းပေ။တကယ်ဆိုကိုယ်ကသူ့ကိုက‌ကောင်းစေချင်သည့်စေတနာနှင့်သာ။

“ငါကဘာလုပ်လို့ရမှာလဲ။ငါ့မှာဘာလုပ်ပိုင်ခွင့်ရှိလို့လဲ။ငါမကြိုက်ဘူး။အရမ်းတွေသဝန်တိုလွန်းလို့ အဆက်အသွယ်မလုပ်ပါနဲ့လို့ငါ့မှာပြောခွင့်ရှိလို့လား။‌ပြောလေ.... နင်ပြောကြည့်စမ်းပါ....အီးဟီး”

ဒေါသတကြီးပြောရင်း အောက်ကတမံတလင်းပေါ်သို့ထိုင်ချရင်းငိုနေသည့် အချစ်ရူးလေးကြောင့် နှင်းဦးမျက်နှာလွှဲလိုက်မိသည်။
အဲ့သောက်ရူးက ရင်ဘတ်ကြီးကိုဆွဲစုပ်ထားလျက် နင့်နင့်နဲနဲကိုငိုကြွေးနေခဲ့တာ။

“နင်လုပ်နိုင်တာတစ်ခုရှိသေးတယ်လေ”

နီရဲနေတဲ့မျက်ဝန်းလေးတွေကမိမိကိုမျှော်လင့်တကြီးမော့ကြည့်ရှာသည်။

“လွှတ်ချပစ်လိုက်ပါတော့။နင်အရမ်းပင်ပန်းနေပြီမလား”

မိုးသားအတင်းကြုံးထ၍ နှင်းဦးအရှေ့ကပြေးထွက်လာခဲ့သည်။
နောက်ကနေမိမိကိုလှမ်းအော်နေသည့်အသံတွေကိုလစ်လျူရှုလျှက်ပေါ့။

ရေချိုးခန်းတံခါးကိုပိတ်ပြီးသည်နှင့်ရေပန်းကိုဖွင့်ချကာ မိုးသားစိတ်လွတ်ကိုယ်လွတ်ငိုချလိုက်သည်။အကို့ကိုမေ့ပစ်ဖို့စကားကိုဘယ်‌လိုကြောင့်လွယ်လွယ်လေးထွက်လာနိုင်ရပါသနည်း။အကိုကသူ့အတွက်ဘယ်လိုဖြစ်တည်မှုမျိုးလည်းဆိုတာသိရက်နှင့်။

နားထဲတွင်လည်းနှင်းဦး၏“နင်ကနွားလား”ဆိုသည့်အသံကပဲ့တင်ထပ်လျှက်ရှိသည်။မိုးသားနားနှစ်ဖက်ကိုလက်နှင့်အုပ်၍ခေါင်းကိုခါရမ်းနေမိသည်။
ချစ်မိရုံလေးပါ.......
ချစ်ခဲ့မိရုံလေးပါ.......
မာနတွေသိက္ခာတွေကိုဘေးကပ်ပြီးအချစ်ကိုပဲကိုးကွယ်ခဲ့မိတာ ဒီလိုအစော်ကားခံရဖို့မှမဟုတ်ပဲ။

________________💚________________

“သတင်းကြားလို့လိုက်ရှာနေတာ။ဘယ်လိုဖြစ်လာတာလဲကွာ စိုရွှဲနေတာပဲ”

Shirtအဖြူ‌‌ရောင်နှင့်စတိုင်ပင်အနက်ရောင်သာဝတ်ထားသည်မို့ ကျောင်းဆင်းထဲကယူနီဖောင်းလဲရသေးဟန်မတူပေ။တစ်ကိုယ်လုံးလည်းစိုရွှဲကာဖြူဖတ်နေပြီး နှုတ်ခမ်းသွေးမရှိတော့သောကြောင့် နွေးနွေးထွေးထွေးရှိသည်များအားအမြန်လဲ၍ စောင်ခြုံစေရသည်။

နွေဦးလေပြေ🤍Where stories live. Discover now