အပိုင်း (12) Uni/Zawgyi

Start from the beginning
                                    

"ဒီကောင်မလေးနဲ့ ခက်နေပြီ ကိုယ်မင်းကို ဘယ်လိုမုန်းနိုင်မလဲ သည်းငယ်!"

×××××××××××××××××××××××××

သည်းက ဒေါ်ချိုမလာခင် ဆိုင်ဖွင့်ထား၏။
မကြာခင်ပဲ မနေ့ကမှာထားသောစာအုပ်တွေအားလာပို့ပါသည်။

"ကျေးဇူးတင်ပါတယ် ပိုက်ဆံက အန်တီချို ရှင်းပြီးသားမဟုတ်လား"

"ဟုတ်ကဲ့ ရှင်းပြီးသား စစ်ကြည့်လိုက်ပါဦးနော် အကုန်စုံရဲ့လား"

စာအုပ်တွေလာပို့သောကောင်လေးက သည်းရဲ့ရှေ့မှာစောင့်နေပြီးသည်းက စာအုပ်တွေရေတွက်စစ်ဆေးနေ၏။

"ဟုတ် စုံပါတယ် "

"အဲ့တာဆို သွားလိုက်ပါဦးမယ်"

"ဟုတ်ကဲ့ ဟုတ် !"

သည်းက ထိုစာအုပ်တွေနဲ့ အရင်စာအုပ်အဟောင်းတွေအား နေရာလဲ စီရင်ရပါသည်။
မကြာခင်မှာပဲရောက်လာသည့် ဒေါ်ချိုအား

"အန်တီချို ရောက်ပြီလား ခုနကပဲ စာအုပ်အသစ်တွေလာပို့သွားတယ်"

"အေး ညည်းလည်း သွားပို့ရဦးမယ်"

"ဟုတ်လား ဒီနေ့ ဆိုင်ကယ်ပါခဲ့တယ် ဟီး ဟီး ဘယ်ကိုပို့ပေးရမလဲ"

"Daliaတိုက်တန်းသိလား"

"ဟုတ် Daliaကုမ္ပဏီကပိုင်တာမဟုတ်လား"

"ဟုတ်တယ် အခန်းနံပါတ် 1202က ခုနကအသစ်ရောက်လာတဲ့ (××)အတွဲ ၁၂အတွဲ၁၃ ပို့ပေးရမှာ"

"သြော် ကာတွန်းစာအုပ်တွေပဲ"

"ဟုတ်တယ် အဲ့ဒီအခန်းက မှာနေကျ အဲ့ဒီကာတွန်းကို ထွက်ထွက်ချင်း မှာတာ"

သည်းက ခေါင်းညိတ်ပြီး

"အခုသွားပို့ရမှာလား"

"အေး မမှားခဲ့နဲ့နော် "

"ဟုတ်"

သည်းက ပါဆယ်သေချာထုတ်ပိုးပြီးနောက် အန်တီချိုပေးတဲ့ လိပ်စာအတိုင်း ဆိုင်ကယ်မောင်းလာခဲ့သည်။

"အခန်း 1202!"

သူမ လိုက်ရှာဖို့ကြိုးစားရင်းဓာတ်လှေကားမှတစ်ဆင့် နောက်တစ်ထပ်သို့တက်လာခဲ့ပါသည်။

"ကျစ်....ငါကလည်းတုံးလိုက်တာ အဝင်ပေါက် အစောင့်ဦးလေးကြီးကိုမေးလိုက်ရင် ရနေတာကို ဟူး အခုတော့ ရှာမတွေ့တော့ဘူး"

ဘုရင့် သည်းဦးပန် (Completed) OCWhere stories live. Discover now