လင်စုန့်ထိုင် ဒေါသတကြီးနဲ့ ပြန်လာခဲ့တယ်။ဒေါသကိုမနည်းမြိုချပြီး စာဆက်သင်နေခဲ့တယ်။အတန်းချိန်ပြီးတာနဲ့ မုန့်ရန်ကို သီးသန့်ခေါ်တွေ့ခဲ့တယ်။

"လီယန့်ကို ကုသပေးဖို့ မင်းမှာ ကိုယ်ပိုင်အကြောင်းပြချက်ရှိနေတာလား?"

လင်စုန့်ထိုင်  မုန့်ရန်ကိုမေးလိုက်တယ်။

"အစကတော့ အန်ကယ်လော် ကသူ့ သူငယ်ချင်းကို ကုသပေးနိူင်မလားဆိုပြီး လိုက်ကြည့်ခိုင်းတယ်။ကျွန်တော် သူ့ကို တွေ့ကြည့်ပြီးတော့ ကျွန်တော်ကုသပေးနိုင်တဲ့အနေအထားမှာရှိနေတယ်။ဒါနဲ့ သူ့ကို ပတ်ဝန်းကျင် အသစ်ပြောင်းပြီး စိတ်အပြောင်းအလဲဖြစ်အောင်လုပ်ပေးဖို့ ကျွန်တော် အန်ကယ်လော့်ကို တောင်းဆိုလိုက်တာ"

"မင်းသူ့အတွက် ရေမွှေးလုပ်ပေးပြီးပြီလား? ဘယ်လောက်ထိ ယုံကြည်မှုရှိလဲ?"

"အကုန်ပြင်ဆင်ပြီးပြီ၊အနည်းဆုံး ရောဂါလက္ခဏာ ခုနှစ်ခု၊ရှစ်ခုလောက်အထိတော့ ပျောက်ကင်းသွားမှာသေချာတယ်။အကျိုးသက်ရောက်မှု မရှိရင်တောင် ဘေးထွက်ဆိုးကျိုး မရှိတာကိုတော့ ကျွန်တော် အာမခံနိုင်ပါတယ်"

လင်စုန့်ထိုင် ခေါင်းညိတ်ပြလိုက်တယ်။

"ငါ မင်းကို နားလည်ပါတယ်။ငါခေါင်းအေးအေးနဲ့စဉ်းစားကြည့်မိတယ်၊ငါက သတ္တိမရှိတဲ့လူတစ်ယောက်ပါကွာ။မင်းကတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတယ်။အဲ့တော့ ကောင်းကောင်းဆက်လုပ်ပါ။တစ်ခုခု မှားသွားတာမျိုးရှိရင် ငါ့ကို ချက်ချင်းပြောပြ"

"ဟုတ်ကဲ့ ကျွန်တော် မှတ်ထားပါ့မယ်"

Beishanမှာ လော်ရှို့ ရဲ့ Villa တစ်ခုရှိတယ်။Beishanတောင်က သိပ်တော့မမြင့်မားပေမယ့် ရှုခင်းကောင်းပြီးလေကောင်းလေသန့်ရတယ်။ဒီ Villa ကို ခေါတ်ဆန်ဆန် ဆောက်လုပ်ထားတယ်။လီယန် သူ့ကိုယ်သူ လူပြိန်းတစ်ယောက်လိုခံစားနေရတယ်။လီယန် ရှုခင်းတွေကို စိတ်မဝင်စားပေမယ့် ခေါတ်မှီအဆောက်အဉီးတွေနဲ့ကြီးမားစိမ်းစိုနေတဲ့ သစ်ပင်တွေကိုတော့ သဘောကျတယ်။

မုန့်ရန် လီယန့်ကို စတင်ကုသပေးနေပြီ။နေ့စဉ်ကုသမှုစာရင်းထဲမှာ နံ့သာမှိုင်းတိုက်ခြင်းနဲ့ ဆေးရည်စိမ်ခြင်းအပြင် ဆေးအဆီနဲ့နှိပ်နယ်ပေးခြင်းပါ ပါဝင်ပါတယ်။သို့ပေမယ့် လီယန့်ကို မုန့်ရန် ကိုယ်တိုင် နှိပ်နယ်ပေးဖို့ကို လော်ရှို့ လုံးဝ ခွင့်မပြုခဲ့ပေ။အဲ့အစား လော်ရှို့ကအခြားရနံ့ကုထုံးပညာရှင်တစ်ယာက်ကို ခေါ်ပေးခဲ့ပြီး မုန့်ရန်ကို Guide လုပ်ပေးခိုင်းလိုက်တယ်။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now