Chapter(97)

6.9K 1.5K 42
                                    

Unicode

Chapter(97)

ကုယဲ့ရှုန်းက ကျန်ရှိတဲ့ လုပ်ငန်းစဉ်တွေကို အပြီးသတ်စေဖို့လည်း မမေ့ပေ။ ထိန်းချုပ်ခန်းထဲက အကာအကွယ် အလွှာများကို တစ်ခုပြီးတစ်ခု ရုတ်သိမ်းလိုက်ကာ စွမ်းရည်လက်နက် အားလုံးကို အသုံးမဝင်တော့စေရန် ပြုလုပ်လိုက်တဲ့အပြင် အဆောက်အဦး ပတ်ဝန်းကျင်ရှိ အတားအဆီးများ အားလုံးကိုလည်း လုံးဝ ဖယ်ရှားပစ်လိုက်သည်။

ညွှန်ကြားချက်ကို ရတာနဲ့ လေလယ်မှာ ပျံဝဲနေတဲ့ လေယာဉ်သည်လည်း လျင်မြန်စွာ ချဉ်းကပ်လာသည်။ ၎င်းသည် အမိုးထိပ်မှာ ဆင်းသက်လိုက်ပြီး ယောင်ရှင်းဝန်က အလျင်စလိုဖြင့် ဆင်းလာ၏။ သူက လှေကားထိပ်က တံခါးသေးသေးလေး ရှိရာသို့ လျှောက်သွားလိုက်ပြီး တစ်ခြားသူများက သူ့နောက်က လိုက်ပါသွားကာ အံ့အားသင့်စရာ တိုက်ခိုက်မှုများကို ဖြေရှင်းဖို့ ကြိုတင်ပြင်ဆင်ထားကြသည်။

သံတံခါးမကြီးကို ဆွဲဖွင့်လိုက်သည့် တစ်ခဏမှာပင် ယောင်ရှင်းဝန်ရဲ့ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားရလေသည်။ သူတို့ဘေးပတ်ဝန်းကျင်က သည်းကြီးမဲကြီး ရွာနေသော မိုးသံများကသာ တိုက်ပွဲမြေပြင် အတွင်းက တစ်ခုတည်းသော နောက်ခံအသံ ဖြစ်နေသည်။ မှိန်ဖျော့လှတဲ့ အလင်းရောင်အောက်မှာ ထောင့်လေးတစ်ထောင့်တွင် အတူတကွ ပူးကပ်နေကြတဲ့ ပုံသဏ္ဍာန်လေးနှစ်ခုကို မြင်လိုက်ရလေ၏။

လှုပ်ရှားသံများကြားလိုက်တဲ့အခါ ရိကျားမူရဲ့ နှုတ်ခမ်းလေးက အနည်းငယ် ကွေးညွှတ်သွားသည်။

"Mr ယောင်, ခင်ဗျားက အရမ်းနှေးတာပဲ"

ယောင်ရှင်းဝန်က ရိကျားမူဘေးမှာ တိတ်တဆိတ် ထိုင်နေသည့် ကုယဲ့ရှုန်းကို စိုက်ကြည့်နေမိတာပင်။ ကုယဲ့ရှုန်း၏ လွန်ကဲလှသော အသွင်အပြင်သည် ယောင်ရှင်းဝန်ရဲ့ နှလုံးသားအား တုန်ယင်သွားစေသည်။ ထိုအချိန်မှာ ဒီစကားများကို ကြားလိုက်ရတာကြောင့် သူ့မှာ ရယ်ရမလား ဒါမှမဟုတ် ဒီလူကို ဆူပူရမလားပင် မသိတော့ပေ။ နောက်ဆုံးမှာတော့ မကျေမနပ် ပြောမိသွားသေးသည်။

(Completed)ဒီအိုမီဂါကစွမ်းရည်အားလုံးကိုခံနိုင်ရည်ရှိတယ်Where stories live. Discover now