"ဒါက ခင်ဗျားရဲ့ ခန္ဒာကိုယ်အခြေနေပေါ်အခြေခံပြီး အထူးဖော်စပ်ပေးထားတာ။အဲ့တော့ သူ့ကို ပေးသုံးလိုက်လို့လဲ ဘာမှ ထူးလာမှာမဟုတ်ဘူး။ဖြုန်းတီးနေတာပဲ..."

"မကောင်းဘူးပေါ့... ဒါဆို သူ့အခြေနေကို တစ်ချက်လောက်လိုက်ကြည့်ပေးပါလား။သူ့ရဲ့ ကုသမှုမှတ်တမ်းကို တစ်ချက်ကြည့်လိုက်လေ။မင်း သူ့ကို ကုပေးနိူင်တယ်ဆိုရင် ကိုယ်သူ့ကို ဒီနေရာကနေ ခေါ်ထုတ်သွားလိုက်တော့မယ်။အောင်မြင်ရင်တော့ ပိုကောင်းတာပေါ့ စိတ်မပူနဲ့ မအောင်မြင်ရင်တောင် မင်းလေးကို Full Memeberဖြစ်အောင်လုပ်ပေးနိုင်မယ့် နည်းလမ်းတွေကိုယ့်မှာရှိပြီးသား.."

"အန်ကယ် ကျွန်တော့်ကို ဒီဌာနမှာ မရှိစေချင်ဘူးထင်နေတာ"

"ဒီဌာနမှာနေတာ မင်းအတွက် အကျိုးကျေးဇူးတွေအများကြီးရှိသလို ၊လေ့လာသင်ယူနိူင်တာတွေလဲ ရှိနေတယ်လေ။ဒီဌာနက ရနံ့ကုထုံးပညာရှင်တွေ မွေးထုတ်ပေးဖို့ နိုင်ငံတော်က ခွင့်ပြုပေးထားတဲ့နေရာတစ်ခုပဲလေ။အမွှေးနံ့သာနဲ့ ရနံ့ကုထုံး လောကကြီး တိုးတက်လာဖို့ နှစ်တိုင်း ငွေကုန်ကြေးကျခံပြီး ရင်းနှီးမြှုပ်နှံနေကြတာ။ဒီနေရာက ဟို အိုကြီးအိုမ အဖိုးကြီးတွေရဲ့ သီးသန့်နေရာမဟုတ်ဘူး။သူတို့တွေဒီမှာနေတာ ကြာနေလို့သာ ကျန်တဲ့သူတွေကို ဒီအကြောင်းပေးမသိတာ။မင်း ပင်ပန်းမှာကို ကိုယ် မကြည့်ရက်ဘူး။အဲ့တာ
ကြောင့်မင်း ကိုreserve member မဖြစ်စေချင်တာပါကွာ။မင်းလေးရဲ့ အရည်အချင်းတွေက Full Memeber တိုက်ရိုက်ဖြစ်နိုင်လောက်အောင် လုံလောက်ပြီးသားပဲဟာကို...."

[TN: ဒီရနံ့ကုထုံးကို အစိုးရကလဲ ထောက်ပံ့ပေးထားပါတယ်။ဒါပေမယ့် ဟိုအဖိုးကြီးတွေက လက်ဝါးကြီးအုပ်ပြီး သူတို့အပိုင်လိုချယ်လှယ်ချင်တိုင်းချယ်လှယ်နေကြတာပါ။ရနံကုထုံးဌာနခွဲကို အစိုးရထောက်ပံ့ပေးထားတယ်ဆိုတာကို သိတဲ့သူနည်းပါးတယ်]

လော်ရှို့ ပြောသွားတဲ့ စကားတွေထဲက အဓိပ္ပါယ်ကို မုန့်ရန် သေချာစဉ်းစားကြည့်လိုက်တယ်။

//အိုကြီးအိုမ အဖိုးကြီးတွေရဲ့ သီးသန့်နေရာမဟုတ်ဘူးဆိုမှတော့ သူ ဘာကြောင့်  ဒီနေရာမှာ မသင်ယူဘဲနေရမှာလဲ??//

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now