ထို့ကြောင့် Taehyungကို လူတိုင်းက
သဘောကောင်းတယ် ရင့်ကျက်တယ်လို့ထင်ကြသည်။တကယ်တော့သူမရင့်ကျက်ပါ။ကလေးအရမ်းဆန်ပြီး
စိတ်ကလဲကောက်တက်သည်။အနိုင်ယူချင်တဲ့စိတ်လေးကလဲ ရှိသေးသည်။
ဘယ်သူနဲ့ယှဉ်ယှဉ် သူ့ကိုဦးစားပေးမှကြိုက်သည်။ဒါတွေက သူစိမ်းတွေမမြင်နိုင်တဲ့သူ့တစ်ဖက်ခြမ်းဘဲ။တစ်နည်းအားဖြင့်ပြောရရင် သဘောအရမ်းကောင်းပါတယ်ဆိုတဲ့ ဆရာဝန်လေးရဲ့ dark side။

လိပ်ပြာတွေကို နှုတ်ခွန်းဆက်ပြီးတာနဲ့ အိမ်ထဲဝင်လာကာ ထမင်းစားခန်းဘေစင်မှာ လက်ဆေးပြီး ပေါင်မုန့်နှစ်ချပ်ယူကာ ပေါင်မုန့်ကင်စက်ထဲထည့်လိုက်သည်။hot chocolateဘူးယူကာ
ခွက်ဖြူလေးထဲကို ချောကလက်အမှုန့်ထည့်လိုက်သည်။ရေနွေးပူပူလောင်းထည့်ပြီးတာနဲ့ပေါင်မုန့်ကင်စက်ထဲက ပေါင်မုန့်နှစ်ချပ်ကလည်းအဆင်သင့်ဖြစ်နေပြီ။မနက်စာစားပြီးတာနဲ့ ရေချိုးပြင်ဆင်ပြီး ဆေးရုံသွားဖို့ထွက်လာလိုက်သည်။

ဆေးရုံက ကားပါကင်မှာ Taehyungကားလေးရပ်နေတုန်း
မီရာရဲ့ကားဖြူလေးကလဲ ဟွန်းသံတစ်ချက်ပေးပြီး ဘေးကနေရာလွတ်မှာ
နေရာယူပြီးရပ်လာသည်။ကားပေါ်ကဆင်းတာနဲ့ မျက်မှန်တပ်ထားတဲ့ကောင်မလေးရဲ့အပြုံးတွေက လန်းဆန်းနေ၏။

"ဟယ်လို! ညက အရစ်တော်လေးတွေကို ဘယ်လိုပြန်လွှတ်လိုက်လဲ ဆရာကြီးရဲ့"

ရယ်သွမ်းသွေးကာပြောလာသော
မီရာကို သူမလွယ်ဘူးဆိုတဲ့မျက်နှာလုပ်ပြလိုက်ပြီး ခေါင်းခါပြလိုက်သည်။

"ပြောမနေပါနဲ့ သူတို့က ဂျီဟိုနဲ့ရန်ဖြစ်လာပြီး ရောက်လာတာ သပ်သပ်လာရစ်တာ"

"အေးလေ... ငါတို့ကအရေးပေါ်ခွဲခန်းဝင်ရမယ်ဆိုကာမှ အတော်ဆုံးဆရာဝန်ချင်းထပ်နေတာဟယ် ငါလည်းဘာလုပ်ပေးရမှန်းမသိတော့တာနဲ့ နင့်ကိုလှမ်းပြောရတာ"

သူကြုံခဲ့တာကိုပြောပြနေတဲ့မီရာ့ပုံက စိတ်ရှုပ်မှု့အပြည့်။ညတုန်းကပြုမူ ပြောဆိုသွားတဲ့ပုံစံတွေသာသိပါက
မီရာတို့ဘယ်လောက်များစိတ်တိုလိုက်မလဲဟု Taehyungတွေးမိသွားရင်း ပြုံးလိုက်မိသည်။

"ဒါနဲ့လေ အဲ့ထဲကကောင်လေးတစ်ယောက်ကို နင့်ဆေးရုံက သူနာပြုဆရာမလေးတွေရော ခပ်ငယ်ငယ်
ဆရာဝန်မလေးတွေပါမကျန်သိတာ ငါဆိုအံ့ဩရောဘဲ...."

APOLLO Where stories live. Discover now