သူ့အသံအား တစ်ဖြည်းဖြည်း ဆွဲပြောလိုက်ပြီး လေသံက အနည်းငယ် နောင်တရနေပုံပေါ်သည်။

"အားရှုန်း, မင်းကငါလိုချင်တာနဲ့ ပိုပြီးနီးစပ်နေသင့်တာ, အဲ့ဒါမှသာ မင်းလည်း ခံစားရတာ နည်းသွားမှာပေါ့"

ကုယဲ့ရှုန်းက သူ့ရှေ့မှာ ရှိနေတဲ့ ရင်းနှီးသော်လည်း စိမ်းသက်နေသော လူအား ကြည့်ကာ သူ့ပါးစပ်ကို ဖြည်းညှင်းစွာဖြင့် လှုပ်ရှားလိုက်သည်။ သို့သော်လည်း သူတစ်စုံတစ်ရာပြောဖို့ အချိန်မရသေးခင်မှာပင် သူ့အမြင်ကို ဖုံးကွယ်လိုက်တဲ့ မမြင်ရနိုင်သော ကန့်လန့်ကာ တစ်ခုအား ခံစားလိုက်ရ၏။ ထို့နောက် ချက်ချင်းပင် သူ့အမြင်အောက်က မာယန်ရဲ့ ပုံရိပ်သည်လည်း မှုန်ဝါးဝါး ဖြစ်လာသည်။

ဒါက စွမ်းရည်ပဲ!

ကုယဲ့ရှုန်းက လျင်မြန်စွာ နားလည်သွားသော်လည်း နောက်ဆက်တွဲဖြစ်တာက အသက်ရှုကြပ်ခြင်း၏ ပြင်းထန်လှသော ခံစားချက်တစ်ခုဖြစ်သည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှုများက ဒီလူနဲ့ ပတ်သတ်ပြီး လုံးဝစိတ်ပျက်စေလောက်အောင် လုံလောက်တယ်လို့ ထင်ခဲ့မိသည်။ ဒီအချိန်မှာပါ အသည်းနှလုံး ညှိုးငယ်ရတဲ့ ခံစားချက်မျိုး ကျန်ရှိနေဦးမယ်လို့ သူလုံးဝ မထင်ထားခဲ့မိပေ။

သူ့လက်ဖဝါးများက တင်းကြပ်စွာ ဆုပ်ညှစ်ထားပြီး သူ့ဒဏ်ရာမှ ပိုမိုပြဲစုတ်လာတဲ့ နာကျင်မှုက သူ့အား ဖရိုဖရဲ အခြေအနေကနေ လက်ရှိကို ပြန်ဆွဲခေါ်လာသည်။ ဝင်ရောက်လာတဲ့ အသိစိတ် ခဏလေးကတင် မှုန်မှိုင်းမှိုင်း ထင်ယောင်ထင်မှားများထဲမှ တစ်ခုတည်းသော အက်ကွဲကြောင်းကို ရှာဖွေရန် လုံလောက်သည်။

ကုယဲ့ရှုန်း၏ လက်များက နောက်ဆုံးတော့ မာယန်ရဲ့ လည်မျိုအား တင်းတင်းကြပ်ကြပ် ညှစ်ထားနိုင်သွားပြီး မာယန်ရဲ့ မျက်လုံးထဲက အမူအယာက နောက်ဆုံးတော့ ပြောင်းလဲသွားသည်။

"ဒါပဲလေ, တန်ပြန်ရိုက်ခတ်မှုကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှာတွေ့သွားပြီပေါ့"

ထို့နောက်မှာတော့ သတိပေးချက် တစ်စုံတစ်ရာမရှိပဲနဲ့ ဥသြဆွဲသံများကို ရုတ်တရက်ကြားလိုက်ရကာ ပတ်ဝန်းကျင်ရဲ့ တိတ်ဆိတ်နေမှုအား ဖြိုခွင်းလိုက်သည်။ ဒါသည် နောက်ဆုံး တရားစီရင်ခြင်းအတွက် ကြေညာချက်ပေးလိုက်ခြင်းပင်။ သိသာထင်ရှားစွာပင် နှစ်ပေါင်းများစွာ လှည့်ပတ်ပြေးလွှားပြီးနောက်မှာတော့ မဟာမိတ်အစိုးရက သူ့အင်အား အကုန်လုံးကို ပေါင်းစည်းပြီး ထိုပုန်းကွယ်နေသည့် နေရာကို တွေ့ရှိသွားလေပြီ။

(Completed)ဒီအိုမီဂါကစွမ်းရည်အားလုံးကိုခံနိုင်ရည်ရှိတယ်Where stories live. Discover now