💔30💔(Part2)

Start from the beginning
                                    

ခေါင်းတစ်ခုလုံးပေါက်ထွက်တော့မလိုပဲ....။
အိပ်ပျော်သွားမှဖြစ်တော့မည့်အခြေအနေ။

တစ်ခါတစ်ရံကျ လူတွေကထုတ်မပြခဲ့ကြတာပါ
ကြောက်ပြရင် တုန်လှုပ်ပြရင် စိုးရိမ်ပြရင်
အားနည်းချက်တစ်ခုလိုနင်းချေသွားမှာစိုးလို့
ကြိုကန်ကာ မာကျောပြရပေမယ့် အိပ်ရာဆိုတဲ့
ဘယ်သူမှလာခိုးမကြည့်နိုင်တဲ့နေရာကျဉ်းကျဉ်းလေး
ထဲရောက်တာနဲ့ ပျော့ခွေလဲကျသွားရတဲ့ဘဝတွေများ
အများကြီး.....။

................

အချိန်သည် ည၁နာရီ ကျော်...ကျယ်လောင်သော
ကားဟွန်းသံကြီးခြံရှေ့တည့်တည့်တွင်
ကြားလိုက်ရပြီးတစ်အိမ်လုံးလန့်နှိုးသွားကြသည်။

Jimin အဖေပင်အိပ်ရာထဲလန့်ဖျန့်ထထိုင်လျှက်
အောက်ထပ်သို့ပြေးဆင်းလာရသည်။
အိမ်အကူအဒေါ်ကြီးသည်လည်းနှိုးလာကာ
အဆက်မပြတ်တီးနေသော ကားဟွန်းသံရှိရာ
သို့နှစ်ယောက်အတူတူ ယောက်ယက်ခတ်စွာ
ပြေးထွက်တော့ အစိမ်းရောင်ပြိုင်ကားတစ်စီး....။

ဘယ်သူလဲသိတာမို့Mr Parkက မျက်နှာပျက်သွား
သည်။Jimin အိမ်ပြန်အိပ်လို့လိုက်လာတာဖြစ်ပါလိမ့်မည်။သားမက်ဖြစ်သူကို ပြီးခဲ့သောကိစ္စတွေနဲ့
သိပ်အမြင်မကြည်တာကြောင့်ဖွင့်မပေးချင်ပေမယ့်
လည်းဖွင့်ပေးလိုက်ရသည်။

အကြမ်းပတမ်းမောင်းဝင်လာကာတွေ့သမျှအကုန်
တိုက်ချသွားပုံသည် ရိုင်းလွန်းအားကြီးပါသည်။
ကားပေါ်ကဆင်းလာသောJungkook သည်
မူးလည်းမူးနေတဲ့ပုံ..။

"ParkJimin ဘယ်မှာလဲ..."

"အိပ်နေတယ်...မနက်ကျပြန်လွှတ်လိုက်မယ်..."

"ဘယ်ကောင့် ခွင့်ပြုချက်နဲ့ ကျွန်တော့်ယောကျ်ား
ကို ညအိပ် လက်ခံထားရတာလဲ..."

"ဒါ သူ့အဖေ ငါ့အိမ်လေ ဘယ်သူ့ခွင့်ပြုချက်
တောင်းရမှာလဲ...."

"နောက်တစ်ခါ လက်ခံထားကြည့် အိမ်မီးနဲ့ရှို့
ပြမယ်..."

"ဘာကွ!!!!"

မောင်သည် အိမ်ထဲသို့ပြေးဝင်သွားသည်။
ဖိနပ်ချွတ်ရသော ကော်ဇောတွေအပေါ်
အနက်ရောင်ဖိနပ်ကြီးနဲ့ဖြတ်နင်းသွားကာ
ဆိုင်သူလေးအိပ်နေသောအခန်းအားရှာတော့သည်။

မောင်Where stories live. Discover now