မုန့်ရန် ခေါင်းညိတ်လိုက်တယ်။တကယ်ဆို မုန့်ရန် ဒီဌာနရဲ့စာမေးပွဲကို ဝင်ဖြေဖို့စီစဉ်မထားခဲ့ဖူးဘူး။ဒါပေမယ့် ဒီဌာနရဲ့ လိုင်စင်သာ ရခဲ့မယ်ဆိုရင် ဒီဌာနရဲ့ Member တစ်ယောက် ဖြစ်လာနိုင်မှာဖြစ်တယ်။လက်ရှိမှာ လူတော်တော်တော်များများက ဒီဌာနကပေးအပ်ထားတဲ့ လိုင်စင်ကိုပဲ လူရာသွင်းအသိမှတ်ပြုနေကြတယ်။မုန့်ရန် ဒီလိုင်စင် မရထားသ၍ လူထင်သေးခံနေရဉီးမှာပဲ...အနည်းဆုံးတော့ သူ့ကို အထင်မြင်သေးတဲ်သူတွေကို သူ့ရဲ့အရည်အချင်းပြည့်ဝမှုတွေကို ပြသပေးရမှာပေါ့.....

မုန့်ရန် reserve member တစ်ယောက်မဖြစ်ချင်ဘူး။reserve member ဆိုတာအုတ်ရောရော၊ကျောက်ရောရောဖြစ်နေတဲ့ Memeber တွေနဲ့ဘာမှသိပ်မကွာဘူးလေ။ဒါပေယ့် လင်စုန့်ထိုင် က  မုန့်ရန်သာ စာမေးပွဲကို အမှတ်များများနဲ့ အောင်မြင်ခဲ့ရင် Full Memeber ဖြစ်ခွင့်ရအောင် သူကိုယ်တိုင်ကြိုးစားပေးမယ့်အကြောင်း ပြောထားတယ်။

[ TN: reserve member ဆိုတာ ခပ်ရိုင်းရိုင်းပြောရရင် ပြာတာ ခိုင်းဖက်အဆင့်...သိုင်းသမားစကားနဲ့ ရှင်းပြရရင် reserve member ဆိုတာ အပြင်စည်းတပည့်။Full member ဆိုတာ အတွင်းစည်းတပည့်😁😁😁]

မုန့်ရန်တို့တွေ ဝါးတောလေးထဲကနေ ဖြတ်လျှောက်လာရင်းနဲ့ ဉယျာဉ်နဲ့ အတွင်းပိုင်းဆီကိုရောက်လာခဲ့ကြတယ်။ဉယျာဉ်တစ်ခုပါရှိတဲ့ ခြံဝန်းတစ်ခုထဲကို မုန့်ရန်တို့ရောက်တဲ့အခါ အရင်ရောက်နှင့်နေသူတွေကို မုန့်ရန်တို့တွေ လှမ်းမြင်လိုက်ရတယ်။မုန့်ရန် ခဏလောက်တော့ အံ့အားသင့်သွားခဲ့တယ်။ထို့နောက် မုန့်ရန် ဝူဖန်ကို လှည့်ပြောလိုက်တယ်။

"ကျွန်တော် အန်လယ်လော်ကို တွေ့လိုက်တယ်။ကျွန်တော် သူနဲ့ စကားခဏလောက်သွားပြောချင်လို့"

"သွားလေ..ငါမင်းကို ရှေ့နားလေးမှာ စောင့်နေမယ်။မြန်မြန်တော့ပြန်လာဉီးနော်၊ဆရာက စကားပြောပြီးတာနဲ့ရှေ့ကို ဆက်သွားမှာကွ၊ ငါ့ကို မတွေ့ရင် လိုက်သာလိုက်သာခဲ့"

"ဟုတ်..ကျွန်တော် မြန်မြန်ပြန်လာခဲ့မယ်"

မုန့်ရန် လော်ရှို့ရှိရာအရပ်ဆီကို ရွေ့လျားသွားနေခဲ့ပြီ။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Donde viven las historias. Descúbrelo ahora