သိုင်းအရှင်အဆင့်လောက်ကိုတော့ သူ အေးအေးဆေးဆေး ကိုင်တွယ်ဖြေရှင်းနိုင်လေသည်။

" သေစမ်း.၊ ငါတို့ကို တွေ့သွားပြီ.."

အနက်ရောင်ဝတ်စုံနှင့် လူ ၂ ယောက်က တစ်ခဏမျှ ထိတ်လန့်အံ့အားသင့်သွားပြီး ချက်ချင်းဆိုသလို ပုန်းလျှိုးကွယ်လျှိုး သွားလာနေရာမှ လူလုံးထွက်ပြလိုက်ကြသည်။

သူတို့ ၂ ယောက်က အကြီးအကဲချင်အား မြင်လျှင် သရော်တော်တော် ပြုံးလိုက်ကြသည်။

အစက သူတို့က ချင်းမိသားစုအား စုံစမ်းထောက်လှမ်းရန် ရောက်လာကြခြင်း ဖြစ်လေသည်။ သို့သော် သူတို့၏ ပစ်မှတ်က ချင်းမိသားစု ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြ။ သူတို့အမြင်တွင် ချင်းမိသားစုသည် သူတို့ ၂ ယောက်အတွက် အန္တရာယ် မရှိနိုင်ဟု သတ်မှတ်ထားကြလေသည်။

ထိုလူနှစ်ယောက်၏ သရော်ပြုံးများကိုမြင်လျှင် အကြီးအကဲချင်က တစ်စုံတစ်ခုကို နားလည်သွား၏။

၎င်းတို့၏ ပစ်မှတ်က သူ ဖြစ်နေသည် မဟုတ်ပါလား။

" အဲ့ဒီ ငါ့ရဲ့ ခွေးလိုတပည့်က မင်းတို့ကို လွှတ်လိုက်တာလား.."

အကြီးအကဲချင်က အော်မေးလိုက်သည်။

ထိုအခိုက်တွင် ချင်းမိသားစု ခြံဝင်းတစ်ခုလုံးမှာလည်း မီးတုတ်များ၏ အလင်းရောင်ကြောင့် လင်းထိန်သွားသည်။

ထိုခဏ၌ လူတိုင်းက လက်နက်များကိုယ်စီ ဆွဲကိုင်ကာ အခန်းများထဲမှ အလျှိုလျှို ထွက်လာကြတော့သည်။

ချင်းယွမ်ကလည်း ဓါးတစ်လက်ကို ကိုင်ဆွဲကာ သူ့အခန်းဆီမှ ထွက်လာခဲ့သည်။

အနက်ရောင်ဝတ်စုံနှင့် လူ ၂ ယောက်အား မြင်လျှင် သူ့ရင်ထဲတွင် တုန်လှုပ်သွား၏။ ချင်းယွမ်က ချင်းမိသားစုမှ လူများကို ကျယ်လောင်စွာ အော်ဟစ် အမိန့်ပေးလိုက်သည်။

" အားလုံး ကိုယ့်အခန်းကိုယ် ပြန်ကြတော့..၊ ငါ့အမိန့်မရဘဲ ဘယ်သူမှ အပြင်မထွက်ခဲ့ကြနဲ့.."

ရန်သူ ၂ ယောက်လုံးက သိုင်းအရှင်အဆင့် ပညာရှင်များ ဖြစ်နေကြရာ သူတို့ဖက်က သိုင်းသခင်အဆင့် ပညာရှင် အများအပြား ရှိနေလျှင်ပင် ဘာမျှ အသုံးဝင်လိမ့်မည် မဟုတ်ချေ။

Book-1 (မှော်ဆေးဧကရာဇ်၊ သိုင်းနတ်ဘုရား ချင်းမင်)Место, где живут истории. Откройте их для себя