အပိုင်း 9

Start from the beginning
                                    

ဝမ်းနည်းသွားတဲ့ကလေးမလေးက
''ဘာလို့တစ်ခုမှမဝယ်ရတာလဲ မနက်ကတည်းကလမ်းပေါ်မှာရောင်းနေရတာ နည်းနည်းလေးပဲရောင်းရသေးတယ် ဘာမှလည်းမစားသေးဖူး ရိုးသားကြိုးစားတဲ့လူမျိုးကဘာလို့ဒီလိုမျိုးဒုက္ခခံနေရတာလဲ''

''ဟေ့ ကလေးလေး အကိုအဲ့လိုမရည်ရွယ်ပါဖူးကွာ''

''သမီးသူငယ်ချင်းတွေဆီမှာကျတော့ပစ္စည်းအကောင်းစားတွေရှိနေပြီးတော့သမီးမှာကျတော့မရှိဖူး''

ကလေးမလေးကဆက်ပြီးပြောရင်းမျက်ရည်ကျလုနီးပါးဖြစ်နေတော့ဒူရမ်လည်းဘာလုပ်ရမှန်းမသိတော့ဖူး
ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ဒူရမ်က ဆိုင်ကယ်လက်ကိုင်နားကကယ်တင်ရှင်ရေဘူးလေးကိုတွေ့သွားတယ်
ဘယ်သူ့ရေဘူးလဲ ဘယ်သူ့ဟာပဲဖစ်ဖြစ်မသိတော့ဖူးကွာ

''ကလေးလေး ရော့ အကိုကပေးတာ''

''သမိီးကိုပေးတာလား''

''အေး သောက်ပြီးအားပြန်မွေးထားလိုက်''

''ကျေးဇူးတင်ပါတယ်ရှင့်''

သူပေးလိုက်တဲ့ရေဘူးလေးရဲ့ပိုင်ရှင်ကတော့အခုချိန်မှာငိုမဲ့မဲ့ဖြစ်နေလေပြီ
''ဒါပေမယ့် အဲ့ဒါငါ့ရေဘူးလေ ဘာလို့ပန်းရောင်းတဲ့ကောင်မလေးကိုပေးလိုက်တာလဲ''

''မင်းမှအဲ့နားမှာမရှိတာ မင်းနားမလည်ပါဖူး''

''ဒါပေမယ့် အဲ့ဒါငါ့ရေဘူးလေ ဘာလို့သူများကိုပေးလိုက်တာလဲ''

''ငါကဒရမ်မာတွေကိုမုန်းလို့လေ ငါကအရမ်းသနားတတ်တာ တွေးကြည့်လိုက်လေ ကလေးမလေးတစ်ယောက်က မနက်ကနေညအထိအလုပ်တွေလုပ်နေရတယ်လို့
မင်းမှာလူသားချင်းစာနာတတ်တဲ့စိတ်မရှိဖူးလား အတ္တကြီးတဲ့ကောင်''

ပြောပြီးပြီးချင်းပဲ မီရဲ့ချစ်စရာမျက်နှာလေးကချက်ချင်းညှိုးကျသွားတယ်
သေစမ်း ငါအရမ်းလွန်သွားလား

''ဒူရမ် ငါတောင်းပန်ပါတယ်နော်
ငါကအဲ့လိုမျိုးမကြုံဖူးတော့ နားမလည်လိုက်လို့ပါ
ဘာပဲဖြစ်ဖြစ် အဲ့ဒါကစျေးကြီးတဲ့ရေဘူးလည်းမဟုတ်ပါဖူး
ငါ့အတွက်တော့ အဲ့ဒါကတန်ဖိုးရှိလို့ပါ''

Fish Upon the SkyWhere stories live. Discover now