မာန၏ အခြားတစ်ဖက် 🌟 Part -18

Start from the beginning
                                    

" ဟုတ်ပါပြီဗျာ! !! ကြိုမပြောမိတာက ကိုယ့်အမှား
ပါကွာ ..... အဲဒါကြောင့် စာမေးပွဲ ပြီးတဲ့နေ့ကျရင် ....
လိုက်ပို့ပေးမယ်နော် "

" ဟုတ်ကဲ့ အကို ..... အခုတော့ ကျွန်တော်နား
လိုက်ဦးမယ် ..... ဗိုက်လည်းမဆာတော့လို့ ....  ညနေစာစားဖို့ မစောင့်နဲ့နော် ..... ကျွန်တော်ဗိုက်
ဆာမှပဲ ထစားလိုက်တော့မယ် "

" ဟုတ်ပါပြီ! !!! ကဲ သွားနားလိုက်တော့ "

အကို့ ကိုနှုတ်ဆက်ပြီး အခန်းထဲရောက်တယ်
ဆိုရင်ပဲ လွှမ်း သီချင်းတပုဒ်ကို အကျယ်ကြီးဖွင့်
လိုက်ပြီး အဝတ်အစားတွေတောင် မချွတ်တော့
ပဲနဲ့ ရေချိုးခန်းထဲ တန်းဝင်လာလိုက်တယ်။ ရေ
ပန်းကိုဖွင့်ချလိုက်ပြီး ရေပန်းအောက်မှာငြိမ်ငြိမ်
လေး ထိုင်နေရင်းကနေ ခဏကြာတော့ အသံ
ထွက်အောင် အော်ငိုလိုက်မိပါတော့တယ် ။

တကယ်ပဲ ဦးမာန် နဲ့ထပ်ပြီး မတွေ့ရတော့ဘူးပေါ့။ တကယ်ပဲ ဦးမာန် က ကျွန်တော့်ကို မလိုအပ်တော့ဘူးပေါ့ ။ ကျွန်တော့်မှာ ဘာအပြစ်တွေရှိခဲ့လို့
စတောင်မစရသေးတဲ့ ဇာတ်လမ်းမှာ ဒီလိုမျိုးကြီး
ပစ်ချခံလိုက်ရတာလဲ ။ ငိုပါရစေ ဦးမာန်ရယ် ။
ဒီနေ့တော့ အားရအောင်ငိုလိုက်ပါရစေ။ နို့မို့ဆို
ကျွန်တော်ရူးသွားနိုင်လို့ပါ ။

ရေချိုးခန်းထဲမှာ လွှမ်း တစ်ယောက် ရင်ကွဲအောင်
ငိုနေချိန် အခန်းလေးထဲမှာတော့ သီချင်းသံလေးက ခပ်ကျယ်ကျယ်လေး ပျံ့လွင်နေဆဲပါကွယ် ။

🎼 မလွယ်ပေမယ့် ×× ကိုယ်တစ်ယောက်ထဲ ××
ဝင်လာခဲ့တဲ့ လောကကြီးမှာ ×× ဒီအချိန်ကိုယ်တစ်
ယောက်ထဲ ×× အသဲကွဲလို့ ကျန်ခဲ့လဲ ×× အချစ်ရာ
×× ကမ္ဘာမှာ နောက်နေ့သစ်တွေ 🎼

🎼 လာမှာပဲ ×× သဘာဝထဲ ×× လွန်ဆန်ခွင့်မရှိ
တဲ့ နှုတ်ဆက်ရခြင်းတွေ ×× ကြိုတင်မမြင်နိုင်တဲ့
×× အပြောင်းအလဲများ ကြုံတော့လဲ ×× အချစ်ရာ
မြင်လား 🎼

🎼 ကမ္ဘာဟာ သူ့အချိန်တိုင်းသူ လည်ပတ်ဦးမှာပါ
×× ဆောင်းနွေမိုးတွေ မလွတ်တမ်းရောက်လာနေကျ ×× တကယ်ဒို့ဝေးရင်း ×× တစ်ရက်တော့ငို
ကွာ×× ကိုယ်စီ အသက်ရှင်ရမယ် ×× မပျော်လည်း ဒို့ဘဝတွေမှာ ×× ကြုံမယ် တစ်နေ့တာဝတ္တရားများ
ရှိတဲ့အချိန်မှာ ×× တကယ်ဒို့ ဝေးရင် တစ်ရက်ထဲ
မင်းငိုပါ 🎼

မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခြားတစ်ဖက် ( Completed)Where stories live. Discover now