[ငါဒါကို သေချာပြောပါရစေ၊ ချိုးကျင်းသာ ငါ့ကို အဲ့လိုဖိအားပေးလာရင် ငါလည်း အရင်ကတည်းက အဲ့လိုလုပ်နေလောက်ပြီ...]

[သဘောတူတယ်+1]

[သဘောတူတယ်+10086]

[တကယ်ပါပဲ ၊ ချိုးကျင်းက မသတီစရာ ကောင်းနိုင်ပေမဲ့ သူက အရမ်းချောတာပဲ။ kabedon ကို မေ့ထားလိုက်ရင်တောင် ငါသူ့အတွက် မျောက်ကလေးတစ်ကောင် မွေးပေးချင်သေးတယ်...]

[အပေါ်က မန့်တဲ့သူ မင်း alpha စိတ်ကူးယဥ်မှုတွေကနေ ရူးကုန်ပြီလား? မင်းအဲ့လို စကားမျိုးတွေကို ပြောနိုင်သေးတယ်လား? ငါတို့ ရှန်းရှီမှာ ဘယ်လိုဆိုးဝါးတဲ့ ကံရှိနေလို့ ဒီလိုလူမျိုးနဲ့ အရှုပ်ထဲ ပါရတယ်လို့]

"အာာားးး! ငါ့ကို အရမ်းဒုက္ခပေးတာပဲ! ဘာလို့ ချိုးကျင်း သွားမသေနိုင်သေးရတာလဲ!"

ရှန်းရှီ နံရံဆီသို့ သူ့ဖုန်းကို ပစ်ပေါက်လိုက်သည်။ သူ၏ အရင်က တစ်သီးတစ်ခြားနေပြီး အဖက်မလုပ်တဲ့ မျက်နှာက ပူလောင်နေသော ဒေါသများနှင့် ပြည့်နေခဲ့ပြီဖြစ်သည်။

ရှန်းရှီပွဲဦးထွက်တုန်းက သူတပ်ဆင်ထားခဲ့သော မျက်နှာမှာ အေးစက်ပြီး အုံ့မှိုင်းသည်။ ဤမျက်နှာကို မြင်သော မည်သူမဆို တစ်ဖက်လူ၏ အပြင်ဘက်အသွင်အပြင်ကြောင့် လှည့်ဖြားခံရနိုင်သည်။ သူက တစ်သီးတစ်ခြား အသွင်အပြင်နှင့် အလှလေးတစ်ပါး ဖြစ်သည်။ လူတွေကို မရောပဲ ခပ်တန်းတန်းနေသည့် ခံစားချက်မျိုးပေးသော အမျိုးအစား ဖြစ်သည်။ သူက ပြည်သူများ၏ အထက်တွင် ရှိပြီး သူ၏ ဘေးပတ်လည်တွင် မသေမျိုးအရှိန်အဝါတစ်ခု မြောလွင့်နေသကဲ့သို့ ဖြစ်သည်။

သို့သော် တကယ်တော့ အတွင်းဘက်တွင် ရှန်းရှီက အလွန်ပေါက်ကွဲတတ်သော စိတ်နေစိတ်ထား ရှိသည်။ သူက ပွင့်လင်းကာ ရင်ထဲ ရှိသည့်အတိုင်း ပြောတတ်ပြီး လျှာစောင်းထက်သည်။ သူ့မန်နေဂျာက သူဖုန်းက သူ့ဆီက ယူကိုင်ပေးထားရတာ အကြိမ်ဘယ်လောက် ရှိပြီလဲတောင် မသိတော့ပေ။

ချိကျင်းရဲ့ အရှက်မရှိတဲ့ စကားကြီးစကားကျယ်တွေက သူ၏ အောက်ဆုံးစည်းကို တစ်ခါပြီးတစ်ခါ နင်းချေနေခဲ့သည်။ ဒီတစ်ခါတွင်တော့ သည်းမခံစရာ ဖြစ်လာသောကြောင့် ရှန်းရှီ သူ့(ချိုးကျင်း)ကို ဆဲခဲ့သည်။ မမျှော်လင့်ဘဲ မရှက်မရှိသည့် လူအချို့က ဗီဒီယိုတစ်ခု ရိုက်ထားကာ အခုတော့ weibo ပေါ်က လူတိုင်းက သူ၏ လူထုပုံရိပ်ကို မထိန်းလိုက်နိုင်မှန်း သိကုန်ကြလေပြီ။

ဒီ Alpha ရဲ့ ဖယ်ရာမွန်းတွေက ပေါက်ကွဲထွက်နေတယ်!Where stories live. Discover now