မူရင်းhostအတွက် ရှန်းရှီ တစ်စုံတစ်ယောက်ကို ကြိုက်သည်ဟု ကြားရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ချိုးကျင်းက ဒေါသထွက်သွားပြီး ကျိရှန်ရှောင်းနောက်သို့ လိုက်ကာ အမျိုးပွင့်ရေကူးကန်ဆီသို့ လိုက်လာခဲ့သည်။ သူက ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲက ဆွဲဆောင်မှုအရှိဆုံး alpha ဖြစ်ခဲ့သည်။ ကျိရှန်ရှောင်းနဲ့ ပတ်သက်ပြီး ဘာများ အဲ့လောက် ကောင်းနေလို့လဲဆိုတာ သူမြင်ချင်သေးတယ်!

ချိုးကျင်းက ကျိရှန်ရှောင်းနှင့် အရွယ်ချင်း ယှဥ်နေစဥ်တွင် ရှန်းရှီမှာတော့ သူ၏ omega နတ်သားလေးပုံ လူထုပုံရိပ်မှာ ပြိုကွဲသွားပြီး လိုင်းအပေါ်တွင် ထိုအရာနှင့် ပတ်သက်၍ လမ်းလွဲဇာတ်လမ်းများတောင် ရှိနေပြီဖြစ်သည်။

#ရှန်းရှီ၏ လူထုပုံရိပ် ပြိုလဲ#

#ရှန်းရှီ ကြမ်းတမ်းစွာ အော်ဟစ်#

#ကျိရှန်ရှောင်းအပေါ် ရှန်းရှီ၏ ပေါက်ကွဲထွက်ဖွယ် အချစ်ဖွင့်ဟဝန်ခံမှု#

#ချိုးကျင်းတွင် အရှက်တစ်စက်မှ မရှိ#

ချိုးကျင်း၏ အရှက်မဲ့မှုက ယခုတွင်တောင်မှ သာမန်သာသာ,သာ ဖြစ်သွားခဲ့သည်။ ဤအချိန်မှာ အဓိကအချက်က ရှန်းရှီ၏ လူထုပုံရိပ်က တစ်ညထဲနှင့် ပြိုလဲသွားခဲ့ပြီး အင်တာနက်တစ်ခုလုံး ရှော့ခ်ရသွားခဲ့သည်။

[ဘုရားရေ! ရှန်းရှီက တကယ်တော့ အဲ့လောက်တောင် ညစ်ညမ်းတဲ့ပါးစပ် ရှိတာလား? သူအဲ့စကားလုံးတွေကို ဘယ်က သင်လာတာလဲ?]

[အပေါ်ထပ် မင်းမှာ သတ္တိရှိရင် ငါ့ကို လာချလေ]

(T/N:အပေါ်ထပ်ဆိုတာ ကိုယ့်အပေါ်က မန့်ကိုခေါ်တာပါ)

[အပေါ်ထပ်က မင်းအမေပဲ။ သူ့ရဲ့ omega နတ်သားလေးပုံရိပ်က ပြိုကွဲနေပြီကို မင်းက အခုထိ ဝန်မခံချင်သေးဘူးလား?]

[အဲ့တော့ သူဆဲတော့ရော ဘာဖြစ်လဲ? ဒီမသေမျိုးနတ်မိမယ် *လောင်ဇီကလဲ မင်းကို
လာဆဲပေးမယ်! ချိုးကျင်းကသာ မင်းကို ဒီလိုဖိအားပေးနေရင် မင်းရော သူ့ကို မဆဲပဲ နေနိုင်မလား?]

(T/N:လောင်ဇီဆိုတာ သခင်လေးပါ။ ဒါပေမဲ့ မိန်းကလေးတွေလဲ သုံးပါတယ်။ အထက်စီးက ပြောရင် သုံးတာမျိုးပေါ့။ အဲ့တာ သခင်လေးလို့ တိုက်ရိုက်သုံးလိုက်ရင် စိတ်ရှုပ်သွားမှာစိုးလို့ပါ)

ဒီ Alpha ရဲ့ ဖယ်ရာမွန်းတွေက ပေါက်ကွဲထွက်နေတယ်!Where stories live. Discover now