Chapter(299) - တိမ်ထွတ်ဖျား

Start from the beginning
                                    

ဘယ်လိုအခြေအနေမျိုးနဲ့မဆို လိုက်လျောညီထွေဖြစ်အောင်နေပြီး ပြောင်းလွယ်ပြင်လွယ် လုပ်နိုင်တဲ့သူမျိုးကမှ တကယ့်ယောကျားအစစ်ပဲ....ပြီးတော့ ဝမ်ရိထုန်ဆိုတဲ့ သူကလည်း သူ့အစွမ်းအစထက် ကျော်လွန်နေတဲ့အရာကို လုပ်ပြပြီး အထင်ကြီးအောင် ကြိုးစားပြမယ့် လူစားမျိုးမဟုတ်ဘူး။

သို့သော်လည်း ဝမ်ရိထုန်သည် အခြေအနေအားနှုတ်ဖြင့် အသာစီးယူခြင်းကိုတော့ လက်မလျှော့ခဲ့ပေ။

"ကျွတ်,ကျွတ်, ကျုပ်အမြင်အရဆိုရင်လေ ခင်ဗျားတို့သုံးယောက်လုံးက ခင်ဗျားတို့ အသက်ထက် ငယ်ရွယ်တဲ့ မျိုးဆက်လေးကို အနိုင်ကျင့်ရလောက်တဲ့အထိ မျက်နှာပြောင်ကြတယ်နော်" ဝမ်ရိထုန်က သူ့လက်ကို အရိုအသေပေးဟန် ညွတ်လိုက်ပြီး အပြစ်ကင်းစင်စွာဖြင့် စကားဆက်သည်။

"ဒီနှိမ့်ချတဲ့ တစ်ယောက်က တကယ်ပဲ လေးစားမိပါတယ်"

တစ်ယောက်က အနက်ရောင် ဝတ်ထားပြီး နောက်တစ်ယောက်က အညိုရောင်ဝတ်ထားသော ကျင့်ကြံသူနှစ်ယောက်က သူ့ကို ထရိုက်ချင်သည့် ပုံစံမျိုး ထင်ရှားနေသော်လည်း အနားမှာရပ်နေသည့် ဝူမိသားစုရဲ့ ကင်းလှည့် စစ်သားနှစ်ဖွဲ့ကြောင့် ခဏလောက်တော့ ထိန်းချုပ်ထားလိုက်ရသည်။

သန်မာလှတဲ့ နဂါးတောင်မှ ဒေသခံသူဌေးကို မဖိနှိပ်နိုင်ဘူး။ အကယ်၍ သူတို့သာ နက်ရှိုင်းမြို့ရဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်လိုက်မိရင် ယုံ့ထိုင်စံအိမ်က နက်ရှိုင်းမြို့မှာ ဆက်မနေနိုင်မှာ စိုးရသည်။

အညိုဝတ်နှင့် ကျင့်ကြံသူက မျက်လုံးထိမရောက်တဲ့ အပြုံးတစ်ခုပြုံးသည်။

"မင်းတို့တွေကလည်း အရမ်းကြီး ရိုင်းစိုင်းမနေသင့်ဘူးလေ, ဘယ်သူနိုင်မလဲဆိုတာက မသေချာပါဘူး"

ချင်းကျူက ရှစ်ယုံ့ထိုင်အား အဆိပ်အတောက် အကောင်ကို ကြည့်သလိုမျိုး မျက်လုံးတစ်စုံဖြင့် အေးစက်စက် အမူအယာနဲ့ ကြည့်လိုက်သည်။

သူဒီလူကို အပိုင်းတစ်ထောင်လောက် ဖြတ်တောက်ပစ်လိုက်ဖို့ တကယ်ပဲ ဆန္ဒရှိမိတယ်

အဆုံးမှာတော့ ချင်းကျူနဲ့ ရှစ်ယုံ့ထိုင်တို့ နှစ်ဦးစလုံးက လျော်ကြေးငွေ အတော်အတန် ပေးဆပ်လိုက်ခြင်းဖြင့် ကိစ္စကို ပြီးစီးစေလိုက်သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now