"ဖေးဖေးကအစောကြီးနိုးတာလား!..."

သူ့ထက်အရင်ထမင်းစားပွဲရောက်နေသည့်ညီမဖြစ်သူကိုထူးဆန်းသလိုကြည့်ပြီးရိပေါ်ထိုင်ခုံမှာနေရာဝင်ယူလိုက်တယ်။ဖေးဖေးဆိုသည့်ကောင်မလေးကရိပေါ်ထက်သုံးနှစ်ငယ်လို့သာရိပေါ်ညီမဖြစ်နေတာ။ချစ်စရာကောင်းတာချင်းအတူတူဖေးဖေးကရိပေါ်လိုသွတ်သွတ်လပ်လပ်အမူအရာကလေးတွေနဲ့ကလေးမဆန်ပဲခပ်တည်တည်နဲ့လူကြီးပိုဆန်ချင်တယ်။

ရိပေါ်လိုနှဖူး​ပြေပြေပေါ်မှာဆံမြိတ်ပါးပါးလေးချထားပြီးကျောလယ်လောက်ရှည်သည့်ဆံပင်တွေကိုအမြဲနှစ်ခွခွဲစည်းထားတတ်တယ်။မျက်နှာကျခြင်းတူပေမဲ့ရိပေါ်ကအသက်ကြီးလာလေကလေးရုပ်ပေါက်လာလေဖြစ်ပြီးဖေးဖေးကတော့ငယ်ရုပ်ပျောက်စပြုနေပြီ။မောင်နှမနှစ်ယောက်လုံးကကိုယ့်ဘဝအခြေနေကိုနားလည်ပြီးစာကြိုးစားကြတာမို့ဖေးဖေးလည်းပဲကျောင်းစာမှာဆိုထွန်းထွန်းပေါက်ပေါက်ပင်။

"မင်းညီမက ကျူရှင်တက်ချင်တာနဲ့ မနက်စောစောမားကိုအိမ်အလုပ်တွေဝိုင်းကူပြီးမျက်နှာချိုသွေးနေတာလေ!..."

အနံ့မွှေးမွှေးပြောင်းဖူးစေ့ဝါဝါတွေဒယ်အိုးထဲထည့်မွှေကြော်နေရင်းဝမ်မားအပြောကြောင့်ရိပေါ် ဖေးဖေးကိုကြည့်တော့မျက်နှာကဆူပုတ်လျှက်။အလိုဆန္ဒမပြည့်တော်မူဘူးနဲ့တူတယ်။

"ကျောင်းမှာလည်းစာလိုက်နိုင်ရဲ့သားနဲ့ဘာလို့ကျူရှင်တက်မှာလည်းဖေးဖေးရ..."

"ဟာ!...ကိုကိုမသိပါဘူး...chemistryဆရာမကလေ...သူ့ကျူရှင်လာတက်တဲ့သူတွေကျစာမေးပွဲမေးခွန်းနဲ့နီးစပ်ရာနီးစပ်ကြောင်းတွေပြောပြတယ်...သိလားကိုကို..."

ပြောရင်းနှုတ်ခမ်းဆူလိုက်သည့်ညီမဖြစ်သူကြောင့်ဖေးဖေးကျူရှင်တက်ချင်နေရသည့်အကြောင်းအရင်းကိုရိပေါ်သိလိုက်ပါပြီ။ဒီအတိုင်းဆိုဖေးဖေးတို့လိုကျူရှင်မယူပဲကျောင်းသင်ရိုးအတိုင်းသင်နေတဲ့ကျောင်းသားတွေအတွက်နစ်နာကောင်းနစ်နာနိုင်ပေမဲ့အဲ့ကျူရှင်ကိုမဖြစ်မနေတက်ရမယ်ဆိုတာကြီးကတော့လုံးဝနည်းလမ်းမကျ။

"အဲ့လိုဆိုရင်တောင်ကျူရှင်လိုက်တက်ဖို့မလိုပါဘူး...လပတ်တွေမှာအဲ့ကျူရှင်ကကျောင်းသားတွေဖေးဖေးတို့ထက်သာကောင်းသာနေနိုင်တယ်...ဒါပေမဲ့ final examရောက်ရင်တော့တကယ်ကြိုးစားထားတဲ့ကျောင်းသားတွေပဲအောင်ကြတာမလား!...ကိုကိုပြောတာမယုံမရှိနဲ့...ဖေးဖေးသာစာကိုပုံမှန်လုပ်!...ဟုတ်ပြီလား..."

LOVE ME,OK![Complete]Where stories live. Discover now