အပိုင်း(၂၀)-အနမ်းတစ်ပွင့်ခြွေလိုက်သည်

शुरू से प्रारंभ करें:
                                    

"ပစ္စည်းတွေသယ်ဖို့မင်းကိုခေါ်သွားတဲ့လူကဘယ်သူလဲ? ဘယ်မှာလာကြိုတာလဲ? ကျန်းထင်ကိုသတ်ချင်တဲ့လူက ဘယ်သူလဲ?"

ယန်ရှယ်မှာ မထိန်းနိုင်တော့ပဲ မတ်တတ်ရပ်မိလေပြီ။ ဟူဝေရှိန့်မျက်နှာကိုထိုးတော့မတတ်ရှေ့ကိုညွှတ်လိုက်ချေ​၏။

"မြန်မြန်ပြောစမ်း! မဟုတ်လို့ကတော့ ငါတို့မင်းကိုဒီတိုင်းလွှတ်ပေးလိုက်ပြီး မနက်ဖြန်ရောက်တာနဲ့ အဝေးပြေးလမ်းမပေါ်မှာ တက်ကြိတ်ခံရမဲ့လူကမင်းဖြစ်သွားမယ်!"

_ကျန်းထင်သာအနားမှာ ရှိလျှင်  'ငါတို့မင်းကိုလွှတ်ပေးလိုက်ပြီး' ဆိုသည့်စကားမဆုံးခင် ယန်ရှယ်တစ်ယောက်အရိုက်ခံနေရလောက်ပေပြီ။

သို့ဖြစ်ရာ ယန်ရှယ်သည် သတိပြန်ဝင်လာပြီး သူနောက်ဆုံးတစ်ကြောင်းကိုမဆင်ခြင်ဘဲပြောခဲ့မိသည့်အတွက် နောင်တကြီးစွာရမိတော့သည်။

သူ​၏ မူလအစီအစဉ်မှာ ထိုလူကိုဖြဲခြောက်ရန်ဖြစ်သော်လည်း နှစ်ပေါင်းများစွာအတွေ့အကြုံများကိုမှီငြမ်းပြုစုထားသော အရာရှိတက္ကသိုလ် သင်ရိုးညွှန်းတမ်းစာအုပ်ထဲတွင် ဖော်ပြခဲ့သည့်အတိုင်း စစ်ကြောရေးပြုလုပ်ရာတွင် မည်မျှပင်သေးငယ်သောအမှားလေးတစ်ခုပင်ဖြစ်စေကာမူ စစ်ဆေးနေသူအရာရှိ​၏ အားထုတ်မှုအလုံးစုံကို သဲထဲရေသွန်ဖြစ်စေနိုင်သည်။

ဟူဝေရှိန့်​၏ အကြည့်တို့မှာ အနိဌာရုံ ဓာတ်ပုံများထံ တစ်ဖန်ရောက်သွားပြန်သည်။

"ယိဟယ်လမ်းရဲ့ နွေဦးပန်းပင်။ သူတို့ကပြောကြတယ်၊ ပစ္စည်းအသစ်အားလုံးဟာ......"

သူက ရုတ်တရက်ရပ်လိုက်​၏။

ယန်ရှယ်သည် ကိုးရို့ကားယားနိုင်လှသောစကားမပြောသည့်ပြဇာတ်တစ်ခုနှယ် ထိုလူ​၏ အမူအရာချက်ချင်းပြောင်းသွားသည်ကို ကြည့်နေ​၏။ ဟူဝေရှိန့်​၏ မျက်နှာသည်ကား အစိမ်းမှအနီ၊ အနီမှခရမ်း၊ နောက်ဆုံးတွင်တော့ မအီမသာဖြူဖပ်ဖြူရော်ဖြစ်သွားပြီး စကားနှစ်လုံးထွက်လာသည်။

"မဟုတ်ဘူး။"

(T/N-တရုတ်လိုဆို 《 不对》နှစ်လုံးတည်းပါ)

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)जहाँ कहानियाँ रहती हैं। अभी खोजें