အပိုင်း ၇

Start from the beginning
                                    

ခါတိုင်းသင်္ကြန်တွေမှာ ရန်ကုန်ကသူငယ်ချင်းတွေဆီသွားကဲဖြစ်ပေမယ့် ဒီနှစ်တော့ ကိုယ့်ချစ်ရသူရှိရာ၌သာနေချင်မိသည်..။

နေမကောင်းဘူးဆိုသည့်ရွှန်းအပြောအားကြားယောင်ရင်းစိုးရိမ်စိတ်ဖြင့်ကားကို မြန်နိုင်သမျှအမြန်ဆုံး မောင်းလာခဲ့သည်..။

အိမ်ရှေ့ရောက်တော့ သူ့ကားမြင်သည်နှင့်မှတ်မိနေသည့် ခြံစောင့်ကအပြေးလာဖွင့်ပေးသည်..။

"ကဲလေးတစ်ယောက်ပဲရှိတာ...လူလေး ရွှန်းကအပြင်သွားတယ်..."

လူကြီးပီပီ တည်စေ ဒီအိမ်လာနေတာ ရွှန်းကို မျက်စိကျလို့ဟုထင်နေပုံရသည်..။

နောင်များမှ အခွင့်သင့်ရင် ပြောပြရအုံးမည်..။

ကျွန်တော့ မျက်စိရော နှလုံးသားရော ကြွေကျမြေခတာ ကဲလေးဆိုတဲ့ ငယ်ချစ်ကဲပိုပါလို့...။

"ရတယ် ဦးဝေလုံး ကဲလေးရှိနေတယ်မလား.."

"ရှိတယ်..ရှိတယ်..နေသိပ်မကောင်းလို့ အိပ်နေတယ်ထင်တယ်..တက်သွားလိုက်"

"ဟုတ်ကဲ့..ကျေးဇူး ဦးဝေလုံး..."

ကားကိုဆင်ဝင်အောက်ထိုးကာ အိမ်ပေါ်ထပ်တက်ဖို့ပြင်နေတုန်း မီးဖိုချောင်ဘက်ဆီမှဂလုံဂလွမ်သံတွေကြောင့် ချောင်းကြည့်လိုက်သည်..။

ဟိုကလေးပေါက် အိုးထဲကို ဘာတွေထည့်ပြီး ချက်ပြုတ်နေတယ်မသိ..။အသာကပ်သွားလိုက်ပြီးနားနားကပ်ကာလေသံတိုးတိုးဖြင့်ခေါ်လိုက်၏။

"ကဲလေး..."

"အမလေး ကဲကိုဦးတည်ကနမ်း..ဂလွမ်...ဒေါင်"

ယောင်မှားစွာအော်လိုက်မိသူက သူ့ကိုမြင်တော့ လန့်ကာ လက်ထဲက အိုးအဖုံးတွေပင်လွတ်ကျကုန်သည်..။

တည်စေ မနေနိုင်စွာ အော်ရယ်လိုက်မိတော့သည်..။

ယောင်တာကအစ ချစ်စရာကောင်းနေလိုက်တာဗျာ..။

ဒါကိုနားထောင်ကြည့်ပုံအရအတွေးထဲအထိ တည်စေအကြောင်းပါနေပုံပဲ..။

ဒီကလေးကို သူ့မှာချစ်ပြီးရင်းချစ်နေရပါပြီ..။

"ဟား..ဟား..ကလေးပေါက်ရာ..."

ငယ်ချစ်တည်စေM-preg(Completed)Where stories live. Discover now