သူမ၏စကားအဆုံးတွင် သူက အားရပါးရပြုံးကာ ခေါင်းကိုသာ ဆတ်ခနဲ တစ်ချက်တည်းညိတ်ပြလိုက်ရင်း
"ဟုတ်ပါပြီဗျာ...သဘောတူထောက်ခံကြောင်းပါ"
ထိုအခါတွင် သူ့အဖြေကိုတော့ သူမက ဟင်းရည်သောက်ရင်းမှ အဟွန်း ဟု စပ်ဖြဲဖြဲတစ်ချက်ရယ်ပြကာ အသိအမှတ်ပြုပေးလိုက်သည်။
ချစ်သူထုတ်ပြန်သော အမိန့်ကြေညာချက်ဆိုသည်မှာ နှလုံးသားကို မည်သည့်ပုံစံနှင့် ထိန်းချုပ်ခံရပါစေ...၊သဘောတူကြည်ဖြူစွာ လက်ခံရမည့်၊ချစ်ခြင်းကိုအခြေခံသည့် မူဝါဒများနှင့်သာ ဖြစ်ပေသည်မို့ ဆန့်ကျင်ဖွယ်ရာအကြောင်း တစ်စုံတစ်ရာမရှိဘဲ ရပ်တည်မှုခိုင်မာစွာနှင့်ပင် သူကတော့ အပြည့်အဝထောက်ခံပေးကာ တစ်သဝေမတိမ်း လိုက်နာရပေတော့သည်။
-----------------------------***********------------------------------
ဝင့်ဝါမွေးကာနီးအချိန်လောက်တွင် ပြင်ဦးလွင်သို့တက်ခဲ့ကြကာ သူမတို့ရောက်ပြီး မကြာမီမှာပဲ ဝင့်ဝါက ချစ်စရာသားယောက်ျားလေးကို အောင်မြင်စွာ မွေးဖွားခဲ့လေသည်။သူ့သားအား မထိရက္မကိုင်ရက်ပွေ့ချီထားသည့် သီဟလက်ထဲမှ နီတာရဲလေးသည် ဘယ်သူနှင့်တူသည်ဆိုတာကို အခုချိန်မှာ ခွဲခြား၍မရနိုင်သေးဘဲ အူယားစရာမျက်နှာအနေအထားလေးအဖြစ်နှင့်သာ ရှိနေသေးလေသည်။
သူမတို့က မျက်လုံးလေးတွေမှိတ်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့် ကလေးငယ်လေးကို အသည်းယားစွာကြည့်နေမိကြရင်းမှ စိတ်ထဲမှာ နှစ်ယောက်လုံးတွေးလိုက္မိသော အကြောင်းအရာသည် ဒီသေးသေးလေးအား ဘယ်လိုချီပိုးပြီး ဘယ်ပုံထိန်းကျောင်းရမလဲဆိုသည်ကိုပင်။ပုံမှန်ထက် တစ်ယောက်ပိုကာ အမြွှာကိုယ်ဝန်ကိုဆောင်ထားသော်လည်း အခုထက်ထိ ကလေးကိုဘယ်လိုချီရမည်ဆိုသည်အား အတိအကျမသိကြသေးပေ။ကျန်သည့်အကြောင်းအရာများက စာဖတ်လျှင်သိနိုင်သော်လည်း ဒါကတော့ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ကွင်းဆင်းကာ လေ့လာမှပင် သိရှိနိုင်မည့်ကိစ္စဖြစ်လေသည်။
အခါအားလျော်စွာနှင့်ပင် သူမတို့နှစ်ယောက်၏ ခက်ခဲနေသောအတွေးတွေကို မန္တလေးကနေရောက်လာသည့် ဝင့်ဝါနှင့်သီဟ၏ အမေနှစ်ယောက်က အလွယ်တကူ ဖြေရှင်းပေးသွားလေသည်။ကလေးချီပုံချီနည်းကအစ ပြုစုစောင့်ရှောက်နည်းအဖြာဖြာအဆုံး မွေးကင်းစကလေးငယ်များမှာ ဖြစ်လေ့ဖြစ်ထရှိသည့် ကျန်းမာရေးအခြေအနေများကိုပါ သေချာရှင်းပြသင်ကြားပေးလာသောကြောင့် အခုဆိုလျှင် အမေများဆီမှသင်တန်းဆင်းပြီး စိတ်အားတက်ကြွနေကြပါသော နှစ်ယောက်သားက မိုးလင်းသည်နှင့် ဝင့်ဝါတို့ဆီသို့ ရောက်နေကြချေပြီ။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...
Practice
Start from the beginning
