နောက်တစ်ချက်က မြီးရှည်နှင့်အသုပ်တွေထဲမှာ ဒညင်းသီးစေးစေးကိုညှပ်ထည့်ပြီး ထည့်သုပ်ခိုင်း၍ ရခြင်းပင်ဖြစ်သည်။သူနှင့်သူမကတော့ နှစ်ယောက်လုံး ဒညင်းသီးမကြိုက်သောသူများဖြစ်သည်မို့ ထည့်မစားဖြစ်ကြသော်လည်း အခြားသူများဆီမှ အားရပါးရမှာစားနေကြသော အသံများကိုတော့ ကြားနေရလေသည်။ထိုသို့ဖြင့် သူက မျက်စိရှေ့မှာ အစားအသောက်ကို ဇယ်ဆက်သလို အစီအစဉ်တကျ အဆင့်ဆင့်စားနေသော သူမကိုကြည့်ကာ သူပါစားချင်စိတ်တွေပေါက်လာသည်ကြောင့် ပန်းကန်ကိုလက်လှမ်းလိုက္မိသည်။ပြီးနောက် တစ်လုတ်စားကြည့်လိုက်လျှင် ပါးစပ်ထဲမှာ အစိမ်းသက်သက်ဖြစ်မနေသောအရသာကြောင့် နောက်တစ်လုတ်ထပ်စားမိပြန်သည်။ထို့နောက္မှာတော့ သူမ၏ ဘေးကနေ လမ်းညွှန်ပြသဂိုက်လိုင်းပေးမှုနှင့်အတူ သူမ စားသည့်ပုံစံအတိုင်း ထည့်ပေးနေသောကြောင့် တဖြည်းဖြည်းနှင့် အစားလိုက်လာရင်းမှ တစ်ပန်းကန်လုံးကုန်သွားရလေတော့သည်။ထိုအခါတွင် ကျေကျေနပ်နပ်ကြီး သဘောတကျပြုံးကြည့်လာသော သူမသည် မျက်ခုံးတွေကိုဟန်ပါပါပင့်ပြရင်းမှ
"ဘယ်လိုလဲ..၊စားလို့ကောင်းတယ်မို့လား..."
သူက အမူပိုစွာဖြင့် ပြုံးစစနှင့်ပင် ခေါင်းကိုဖြည်းဖြည်းချင်းညိတ်ပြလိုက်ကာ
"အွန်း....မဆိုးပါဘူး.."
သူ့အပြောကို သူမက လာသေးတယ်ဆိုသောအကြည့်နှင့် မျက်ခုံးလေးကိုတမင်တွန့်ချိုးကာ စွေစောင်းစောင်းကြည့်ပြီး ပြန်ပြောလာသည်။
"ဘာမဆိုးပါဘူးလဲ...။အခုကစပြီးတော့ မြီးရှည်ကြိုက်သွားပြီလို့သာ တရားဝင်သတ်မှတ်လိုက်တော့..။နောက် ဘယ်သူမေးမေး မြီးရှည်ကြိုက်လားမေးရင် ကြိုက်တယ်လို့ပဲ ပြန်ဖြေရမယ်..."
"ဘယ်သူ့သဘောနဲ့လဲ..."
သူမက စားလို့ကုန်သွားပြီဖြစ်သည့် သူ့ပန်းကန်ကို လက်ညှိုးလေးနှင့် တတောက်တောက်ခေါက်ပြရင်းမှ
"ဒီကုန်သွားတဲ့ပန်းကန်နဲ့ အမြွှာတို့မာမီရဲ့သဘောနဲ့ပဲ...။ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၉/၁၆ နဲ့ ထုတ်ပြန်တယ်..။ဒီနေ့ကစပြီးတော့ မြီးရှည်ကြိုက်သွားပြီလို့သာ ဦးနှောက်ထဲမှာ မြဲနေအောင်မှတ်ထားလိုက်တော့ ဟုတ်ပြီလား..."
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...
Practice
Start from the beginning
