အပိုင်း(၂၁)

Start from the beginning
                                    

"မင်း သေချာလား"

"ကျွန်တော်လွှတ်ထားတဲ့လူတွေကတော့ အဲ့လိုပြောတာပဲသူဠေး"

"မနက်ဖြန်ငါကိုယ်တိုင်လိုက်သွားမယ် မင်းစီစဥ်ထားလိုက်"

"ဟုတ်ကဲ့သူဠေး"

ကံတရားကကျွန်တော်တို့ကို အကြာကြီးမခွဲထားနိုင်ပါဘူးကိုကိုရယ်။ ကိုကိုဘယ်ပဲရှောင်ရှောင် အချိန်တန်ရင်မောင့်လက်ထဲပဲ ပြန်ရောက်လာမှာပဲ။
_____________________~____________________

"အဲ့မှာအကုန်အဆင်ပြေတယ်မလား ဂျီမင်း"

"ညဘက်​ေတွ နည်းနည်းလေးအေးတာကလွဲရင် အကုန်အဆင်ပြေပါတယ်"

ထယ်ယောင်းနဲ့ဂျီမင်း video callခေါ်ကာ စကားပြောနေကြသည်။ ဒါကညဘက်တိုင်းသူတို့ လုပ်နေကြအရာ။ မျက်လုံးနှစ်လုံးပွင့်တာကနေ ပိတ်တဲ့အချိန်အထိဖြစ်သမျှတွေကို ဂျီမင်းကဒိုင်ခံ​ပြောသလို ထယ်ယောင်းကလည်း
တစ်ခါတစ်လေ ကုတင်ပေါ် ပက်လက်လှန်၍လည်းကောင်း၊ ခုံပေါ်ထိုင်၍လည်းကောင်း၊ ကြမ်းပြင်ပေါ်မှောက်လျက်အိပ်၍လည်းကောင်း၊ ကုတင်ခြေရင်း ငုတ်တုပ်ထိုင်၍လည်းကောင်း ထိုင်ပုံထိုင်နည်းမျိုးစုံနဲ့ မပျင်းမရိနားထောင်ပေးလေသည်။

"လုပ်ငန်းတွေအဆင်ပြေတယ်မလား"

"အစပိုင်းကတော့မပြေဘူးပေါ့ကွာ နိုင်ငံခြားသားတွေချည်းပဲဆိုတော့ ဒါပေမယ့်အခုရောက်လာတဲ့ လက်ထောက်မန်နေဂျာလေးကတော့ အဆင်ပြေပါတယ်"

"ဝူယောင်းကိုပြောတာလား"

"အင်း ဟုတ်တယ် ဂျောင်ဝူယောင်း အဲ့ကောင်လေးကိုပြောတာ"

"အဲ့ကလေးကငယ်သေးတယ် ငယ်ပေမယ့်တော်တော့်ကိုတော်တဲ့ ကလေးပါကွာ မင်းကိုလည်းအရမ်းအားကျနေရှာတာ"

"ဒါပေမယ့် စကားတော့အရမ်းများတယ်"

"ငယ်သေးတာကို လူငယ်ဆန်ဆန်ပျော်ပျော်ပဲနေမှာပေါ့ ဒါနဲ့မင်းအဲ့မှာပဲနေတော့မှာလား"

"လောလောဆယ်တော့ ပြန်မလာချင်သေးဘူးယောင်း"

"ကိုကိုရေ ကိုကိုလာပါဦး"

စကားပြောနေစဥ် ထွက်ပေါ်လာတဲ့မိန်းကလေးအသံကြောင့် ဂျီမင်းကစိုးရိမ်တကြီးလှည့်ကြည့်လိုက်သလို ထယ်ယောင်းကလည်းယောင်ကာ ph screenကိုကျော်ကြည့်လိုက်မိသည်။

~ပင်လယ်လို မောင်~(ပင်လယ်လိုမောင်)//CompleteWhere stories live. Discover now