အပိုင်း 6

Start from the beginning
                                    

နောက်ကနေအလျင်လိုနေကြတဲ့သူတွေကမော့ရဲ့ဒီလိုကြည်နူးစရာအခိုက်အတန့်ကလေးကိုဖျက်ဆီးသွားကြတယ် ပီကိုဝင်တိုက်ပြီးတော့ပေါ့

''ငါ့ကိုမကူညီနဲ့''
ပြောလာတဲ့ပီကိုလွှတ်ပေးလိုက်ပြီးတော့မော့ကကားပေါ်ကိုခပ်သွက်သွက်တတ်လိုက်တယ်
ပီရဲ့အကြည့်တွေထဲမှာသူ့ကြောင့်စိတ်ရှုပ်သွားတာကိုမော့ကမြင်ဖြစ်အောင်မြင်လိုက်သေးတယ်

ကျွန်တော်ကားပေါ်ကနေဆင်းလာခဲ့ပေမယ့်ထွက်သွားတဲ့busကားကိုလိုက်ကြည့်ဖြစ်တယ်
နေဦး အဲ့တာဆေးဌာနကိုသွားတဲ့လမ်းမဟုတ်ဖူး
ဆက်သရားကဘယ်သွားမလို့လဲ မာနန်းကိုသွားတွေ့ဖို့လား

ကျွန်တော်စိုးရိမ်မှုတွေကြောင့်ဘာမှမတွေးနိုင်တော့ဘဲ busကားနောက်ကိုသာအမှီပြေးလိုက်ခဲ့တယ်
ကျွန်တော်မြန်မြန်ပြေးလိုက်ခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှလိုက်မမှီနိုင်တော့ဖူးဆိုတာကိုကျွန်တော်ရိပ်မိလာခဲ့တယ်
ကျွန်တော့ခန္ဓာကိုယ်တစ်ခုလုံးချွေးတွေရွှဲနစ်နေတာပဲ
ဒါပေမယ့်ဆက်သရားကမာနန်းကိုသွားတွေ့တော့မှာဆိုတဲ့အသိကြောင့်ကျွန်တော်ပြေးနေတာကိုရပ်ပြစ်လိုက်ဖို့အတွေးကခေါင်းထဲမှာရှိမနေခဲ့ဖူး
busကားနောက်ကနေပဲပြေးလိုက်နေရင်ဆက်သရားထက်အရင်မားနန်းဆီရောက်မှာမဟုတ်ဖူး

ဟုတ်တယ် ကျွန်တော်ဖြတ်လမ်းကနေသွားလိုက်တယ်
ကျွန်တော်ရှိသမျှခွန်အားနဲ့ပြေးနိုင်သမျှမြန်မြန်ပြေးခဲ့တယ်
ကျွန်တော်သိပါတယ် ကျွန်တော့ပုံစံကနေပူကျဲကျဲထဲမှာပြေးနေတဲ့အရူးနဲ့တူနေမယ်ဆိုတာ
ဒါပေမယ့် ကျွန်တော်လူတွေကိုရော အဆောက်အဦးတွေကိုရောဖြတ်လာခဲ့တယ်
ကျွန်တော်မာနန်းတို့ကျန်းမာရေးသိပ္ပံဌာနကိုရောက်တော့ busကားတစ်စီးကိုမှမတွေ့ရဖူး
ကျွန်တော့စိတ်ထဲမှာတကယ်ကိုမောနေပေမယ့် တန်ပါတယ်
ကျွန်တော်အောင်နိုင်သူတစ်ယောက်လိုခံစားလိုက်ရတယ်

ငါမင်းထက်အရင်ရောက်တယ် မော့
ငါနိုင်တယ်

ကျွန်တော်အဲ့အချိန်ခနလေးအတွင်းမှာအရမ်းကိုပျော်နေခဲ့တယ်

ငါနိုင်တယ်.......

ကျွန်တော်နောက်ဆုံးပြောလိုက်တဲ့စကားတစ်ခွန်းကိုမနည်းအားယူပြီးပြောခဲ့ရတယ်
ကျွန်တော်မျက်လုံးထဲမှာလူရိပ်တွေကဝါးတားတားနဲ့
ပုံရိပ်တွေလည်းနှစ်ထပ်မြင်နေရတယ်
ကျွန်တော့ခေါင်းတွေတရိပ်ရိပ်နဲ့ထိုးကိုက်လာတယ်
ကျွန်တော့နားတွေအူနေပြီးတော့ နှလုံးခုန်သံကလည်းပုံမှန်မဟုတ်တော့ဖူး
ကျွန်တော်ဘေးပတ်လည်ကိုလိုက်ကြည့်တယ်
ဘာတွေလဲ ဘာတွေဖြစ်နေတာလဲ
မာနန်းဘယ်မှာလဲ
သေစမ်း.........

Fish Upon the SkyWhere stories live. Discover now