"မုန့်ရန်!!!တော်တော့!ဒေါသကိုထိန်းဉီးလေ!!ဘာတွေဖြစ်ကြတာလဲ?"

လာဆွဲတဲ့ဝူဖန့်ကို မုန့်ရန် ခပ်ဖြည်းဖြည်းလေးတွန်းထုတ်လိုက်တယ်။ပြီးတော့ ဘရက်ဒလီ ရှိတဲ့ဘက်ကိုကြည့်ပြီး လှမ်းအော်လိုက်တယ်။

"ထွက်သွားးးး"

"တောင်းပန်ပါတယ်။မင်းဒီလောက်ထိဒေါသထွက်သွားဖို့မရည်ရွယ်လိုက်ပါဘူး"

မုန့်ရန်ကိုတောင်းပန်တဲ့အကြည့်တွေနဲ့ ဘရက်ဒလီ
ကြည့်နေတယ်။

"ခင်ဗျားကို ထွက်သွားလို့ပြောနေတယ်နော်!!!"

မုန့်ရန်ရဲ့မျက်နှာထားက ရေခဲတမျှအေးစက်နေတယ်။

ဒီအချိန်မှာ အရင်ဆုံးထွက်သွားပြီး မနက်ဖြန် မုန့်ရန်စိတ်ပြေသွားလောက်တော့မှ ဒီအကြောင်းဆက်ပြောဖို့တွေးလိုက်တယ်။မုန့်ရန်ဒီလောက်ထိ ဒေါသကြီးတယ်ဆိုတာ ကြိုမခန့်မှန်းထားမိတာ သူ့ရဲ့အကြီးမားဆုံးအမှားတစ်ခုပဲလေ။မုန်တိုင်းတွေတိုက်ခတ်လာမယ်ဆိုတာကို ဘရက်ဒလီ အကြိမ်ထောင်ပေါင်းများစွာခန့်မှန်းနိူင်ခဲ့ပေမယ့်၊မုန့်ရန်နဲ့ ဘယ်လိုအပေးအယူလုပ်ရမယ်ဆိုတာ မခန့်မှန်းနိုင်ခဲ့ဘူး။မုန့်ရန်က တကယ်ကိုတည်ငြိမ်ပြီး ကိုယ့်ဘာသာကိုယ်သီခြားရပ်တည်နိူင်တဲ့သူတစ်ယောက်လေ......

ဘရက်ဒလီ မျက်နှာပေါ်ကဒဏ်ရာတွေကိုလက်နဲ့ထိကြည့်လိုက်ပြီး မရယ်ဘဲမနေနိုင်တော့ဘူး။ဒါက သူ့ရဲ့ မတော်မတရားပြုချင်စိတ်လေးကို ဖုံးကွယ်ထားနိုင်လိမ့်မယ်လို့ခံစားနေရတယ်။မုန့်ရန်ဆီကနေ အရိုက်အနှက်ခံပြီးတော့မှ မုန့်ရန်ကိုပိုပြီး သဘောကျလာတယ်။မုန့်ရန် စိတ်ဆိုးပြီးဒေါသပုန်ထနေတဲ့ပုံစံလေးက အတော်လေးချစ်ဖို့ကောင်းနေတယ်လေ။

[TN:မှတ်ထားကြနော် အရိုးကွဲအောင်ရိုက်မှအသည်းစွဲအောင်ချစ်တာတဲ့😅😅]

အပြင်ဘက်မှာတိုက်ခတ်နေတဲ့ လေကြမ်းတွေ ပိုပြီးပြင်းထန်လာသလို ပိုပြီးအားပြင်းလာတယ်၊မကြာခင်မိုးသက်မုန်တိုင်းကျရောက်တော့မယ်။

ဝူဖန် ပြတင်းပေါက်တံခါးတွေပိတ်နေရင်းနဲ့ မုန့်ရန်ကိုမေးလိုက်တယ်။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now