မာန၏ အခြားတစ်ဖက် 🌟 Part -10

Start from the beginning
                                    

လွှမ်း ပြောပြီး ပြီးချင်းလှည့်ထွက်လာပေမဲ့ ဦးမာန် က လက်ကိုလှမ်းဆွဲလိုက်ပြီး -----

" ကိုယ်လိုက်ပို့ပေးမယ် လွှမ်းငယ် "

လွှမ်းက ကိုယ့်လက်တစ်ဖက်ကို လှမ်းဆွဲလာတဲ့
ဦးမာန်ရဲ့လက်ကို ကျန်လက်တစ်ဖက်နဲ့ဖြုတ်ချလိုက်ရင်း -----

" ကျေးဇူးတင်ပါတယ် ဦးမာန် .....  ကျွန်တော့် ဘာ
သာပဲပြန်ပါရစေ .... တောင်းပန်ပါတယ် ကျွန်တော့်ကို တစ်ယောက်ထဲနေခွင့်ပေးပါ "

ပြောပြီးတာနဲ့ လွှမ်း လှည့်ထွက်လာလိုက်ပါတယ် ။
လမ်းပေါ်ရောက်တော့ မျက်စိရှေ့မြင်လိုက်တဲ့
တက္ကစီကိုတားကာ စီးလိုက်ရင်း ကားပေါ်ရောက်မှ စိတ်ကိုလျှော့ချလိုက်မိတာ ။

ကွန်ဒိုကအဖြစ်အပျက်ကို ပြန်တွေးမိတော့ ဦးမာန်
က ကိုယ့်ကို လာပြီးထိတွေတဲ့အခါတိုင်း ဒေါသထွက်ရမဲ့အစား ဘာဖြစ်လို့ရင်ခုန်မိနေတာပါလိမ့် ဆိုတာကို တွေးမိနေတယ် ။ တကယ်တော့ ကိုယ်က ဘယ်သူစိမ်းယောက်ျားတစ်ယောက်နဲ့မှ လက်ပွန်းတတီးနေခဲ့သူမဟုတ်ပါဘူး ။ ကိုယ့်ရဲ့ ဖြစ်တည်မှု
ကို အမှန်အတိုင်း လက်ခံထားယုံကလွဲရင်
ဘယ်ယောက်ျားတစ်ယောက်နဲ့မှ မပတ်သက်ခဲ့ဖူး။

လွှမ်း ဘဝမှာ ပထမဦးဆုံးစိတ်ဝင်စားခဲ့တဲ့  အကို နဲ့တောင် ဘယ်တော့မှ လက်ပွန်းတတီးမနေခဲ့ ။
ဒါကြောင့်ပဲ ဦးမာန် ဆီကရတဲ့ အရိုင်းဆန်းတဲ့အပြုအမူတွေဟာ ဘဝမှာ ပထမဦးဆုံး သူစိမ်းယောက်ျားတစ်ယောက်ဆီက ရခဲ့ဖူးတဲ့ အထိအတွေမို့
စိတ်တွေလှုပ်ရှားခဲ့မိတာတော့အမှန်ပါ ။

ဒီလိုနဲ့ပဲ သူ့ဆီကနေ ရုန်းမထွက်နိုင်မှာ ကြောက်ပါတယ် ။ ဒီလူဟာ မိန်းမတွေနဲ့ ကုတင်ပေါ်က ကိစ္စကိုတောင် ထမင်းစားရေသောက်သလို အလွယ်တကူလုပ်နိုင်တဲ့သူမျိုးနေမှာ ။ မိန်းမတစ်ယောက်ယောက် အနားရှိမှ နေနိုင်တဲ့သူ။ အဲလိုလူက လွှမ်း ကိုလာပတ်သက်ရင်တောင် အပျင်းပြေ လက်တည့်စမ်းချင်ယုံပဲနေမှာ ။

* မင်းစိတ်ကို မင်းပြန်ထိန်းဦး လွမ်း ....  သူကယောက်ျားတွေကို ကြိုက်တဲ့သူမျိုးမဟုတ်ဘူး .....သူ့အထိအတွေ့မှာ သာယာမိနေတာတွေကို ရပ်လိုက်ပါတော့ *

မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခြားတစ်ဖက် ( Completed)Where stories live. Discover now