အပိုင်း-၁၀ (ep-10)

183 3 0
                                    

သူသည် ဦးထုတ်အမဲ ၊ အင်္ကျီအနွေးထည်အမဲ၊
တစ်နည်းပြောလျှင် တစ်ကိုယ်လုံးအမဲ ဝတ်ထားသည်။ ထိုသူသည် ဧကန်ပင် စစ်ပိုင်မင်း...။

  " နှင်းခ..ခက်ရော "

စစ်ပိုင်မင်းစကားစလိုက်သည်။ မြူနှင်းခ သူ့ကိုသူ မယုံနိုင်ပေ။ စင်ကာပူကို ပညာသွားသင်သူက ဒီကို ဘယ်လိုရောက်နေပါလိမ့် ။ နှင်းခ စိတ်တွေ ခြောက်ခြားလာသည်။

  " နှင်း...နှင်း...နှင်းခ...မသိဘူး! "

စစ်ပိုင်မင်းရဲ့ စေ့ထားတဲ့ နှုတ်ခမ်းတို့ ပိုစေ့သွား သည်ကို မြူနှင်းခ မြင်လိုက်မိသည်။

အပြန်လမ်းတစ်လျှောက်လုံး စည်သူဟိန်း နဲ့ စကားပြောလာသော်လည်း စိတ်ထဲကစစ်ပိုင်မင်း
အားထစ်နေသည်။ ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင်ပင်။ စစ်ပိုင်မင်း အကြောင်းတွေးမိလျှင်တောင် သူ ပြန်အလာနိုင်တော့ဖူးဆိုတာ သိသည်။ သို့သော် မသိစိတ်ကပင် လားမသိ ခဏခဏသတိရ သည်။ သူပြန်လာမှာဆိုတာချည်းပဲ တွေးနေမိသည်။ ခုအခြေနေရဆိုလျှင် ခက်သည်
စည်သူဟိန်းနဲ့ပဲ လက်တွဲသင့်သည်။ ဟိုတယ် ပိုင်ရှင်ကြီးလဲ ဖြစ်ဧ။်။ ယောကျာင်္း တစ်ယောက်လဲ ပီသတယ်၊ ဟုတ်တယ်...စိတ်ထဲမှာ
စည်သူဟိန်း အကြောင်းပဲတွေးသင့်တယ်။ဟင်.. စစ်ပိုင်မင်းမှာလဲ ထိုသို့ အသွင်အပြင်တွေ ရှိတာပဲ။

* ဒါမဲ့ စစ်ပိုင်မင်းက နင့်ကိုထားခဲ့တယ်လေ *
စိတ်ထဲက အမှတ်မထင်ပြောလိုက်တဲ့ စကား တစ်ခွန်းကြောင့် ခက် ရင့်ဝသို့ အမည်မသိ ခံစားမှုကြီးက စောင့်တက်သွားသည်။

တက္ကစီ ကားက မြူနှင်းခ တိုက်အရှေ့ထိုးရပ်သွား သည်။ နှင်းခလဲ တက္ကစီက အမြန်ဆင်းပြီး စစ်ပိုင်အား ဘာစကားမှ မပြောပဲ သွားမည်လုပ်သော်လည်း...

" မြူနှင်းခ! နင်ငါ့ကိုဘာတွေ ဖုံးကွယ်ထားမှာလဲ?
သံစဉ်က ဘယ်သူ့ကားကြောင့် သေသွားတယ်ဆိုတာ ခက်မသိသေးဘူးမလား?!! "

မြူနှင်းခ ခြေလှမ်းတို့ရပ်တန့်သွားသည်။ စစ်ပိုင်မင်း ဘက်ကို ပြန်လှည့်လာတာ မျက်ရည်တွေနဲ့ ပင်။ စစ်ပိုင်မင်း မြူနှင်းခ အား နီးစပ်ရာ ဆိုင်တစ်ဆိုင် ကိုခေါ်သွားသည်။ ပြီးတော့ ချောင်တစ်နေရာမှာ ဝင်ထိုင်လိုက်ကြသည်။

နုလုံးသားရဲ့စေညွှန်ရာ (Follow your Heart) [Unicode] Hikayelerin yaşadığı yer. Şimdi keşfedin