အပိုင်း-၇ (ep-7)

176 3 0
                                    

နှစ်လနဲ့ သုံးရက် ...စစ်ပိုင်မင်းကို ခက်သင့်နွေ စောင့်ကြည့်နေတာ ၂လနှင့် ၃ ရက်ပင်ရှိပြီ။ အမမြတ်ဆုပြောသလိုပင်
စစ်ပိုင်မင်းက ခက်ကို မကြိုက်လို့သာ လာဖွင့်မပြောသည်ဟု
ု ကောက်ချက်ချရတော့မည်။ စစ်ပိုင်မင်းကတော့ မကြိုက်ပေမဲ့ ခက်သင့်နွေက
နေရင်းထိုင်ရင်း သူ့အား တဖတ်သတ်ကြိုက်မိသွားဧ။်။ တော်တော် ဆိုးတာပဲဟု ကိုယ့်ကိုယ်ကိုသာ ပြောပြီး စစ်ပိုင်မင်းအား အမြင်ကတ်ရသည်။😒

ကျောင်းပြန်ချိန်မ ို့ မိုးလဲရွာနေသောကြောင့် အိမ်မပြန်ရသေးဘဲ ဘတ်စ်ကား မှတ်တိုင်မှာ မိုးတိတ်အောင်သာ စောင့်နေမိသည်။ ဘတ်စ်ကား မှတ်တိုင်မှာလဲ ခက်လို မိုးခိုတဲ့သူနဲ့ ကြောင့် လူကျပ်နေသည်။ အမိုးကလဲသေးသေးလေးဖြစ်သော ကြောင့် မိုးမစိုအောင် မနဲလူကြားထဲ တိုးဝင်နေရသည်။ ထိုအချိန်မှာ ထီးတစ်ချောင်းနဲ့ လူ တစ်ယောက်က အတင်းတိုးလာတယ် ။
" အ​ေမ့...! "

ခက်ယောင်လိုက်မိ ရုံသာမက တစ်ကိုယ်လုံးလဲ မိုးထဲကိုရောက်သွားသည်။ ထီးဆောင်းထားတဲ့ သူက အနောက်ကိုပြန်လှည့်ကြည့်ပြီး..

" ဆော....."

ထိုတစ်လုံးထဲပြောပြီး ရပ်နေလေတယ်။ ခက်သင့်နွေလဲ မော့ကြည့်လိုက်တော့မှ... သူ..

" ထီးလိုက်ဆောင်းမလား "

စစ်ပိုင်မင်းက စကားတစ်ခွန်းသာပြောလိုက်သည် ၊ မိုးပြာရောင် ကောင်းကင်အောက်က မျက်ဝန်း လေးတစ်စုံက ခက်သင့်နွေကို စကားတွေပြောနေတယ်။ ထီးလိုက်ဆောင်းမလားတဲ့ ၊ ခက်တောင် ဘာမှ မပြောရသေး ၊ သူက ခက်ရဲ့ လက်ကို ဆွဲပြီး ထီးထဲခေါ်လိုက်တယ်။ ရင်ထဲမှာ အာမေဋိတ် သံတွေဖြာသွားတယ်။ ရင်ခုန်သံများ စွာနဲ့ သူခေါ်ရာ ပါသွားပြီးမှ ဘယ်ကစကားစ ရမှန်းလဲ မသိပေ။ ခက် တွေဝေပြီးမှ သူက..

" ကိုယ် ခလေးကို ချစ်နေတယ်ပြောရင် ငြင်းမှာ လား "

စစ်ပိုင်မင်းက အဲ့လိုပြောပြီး ခက်သင့်နွေဘက် လှည့်မကြည့်ပါ ။ ခုန က ခုန်နေတဲ့ ရင်ခုန်သံ ံကြား မုန်တိုင်း ဖြတ်သွားသလိုပဲ ဗြောင်းဆန်သွားတယ် ။ သူပြောတဲ့စကား တစ်မိုးအောက်က ခက်နှင့် ခက်ပဲ သိလိုက်သည်။ နှစ်ယောက်တူတူ မိုးထားတဲ့ ထီးလေးလဲ ဒီစကားကို ကြားသွားလောက်ပြီ။ ပြီးတော့ သူခက်ကို ခေါ်လိုက်တာ
ခလေးတဲ့😍 မိုးက အကြောင်းသိလို့လားမသိ
ပိုလို့တောင် သဲလာသေးသည်။

နုလုံးသားရဲ့စေညွှန်ရာ (Follow your Heart) [Unicode] Where stories live. Discover now