💔29💔(Part1)

Start from the beginning
                                    

Company ဆို ရုံးခန်းထဲတနေကုန်Gameဆော့
ရင်းစောင့်သည်...Jimin သွားသမျှနေရာ
အားလုံးကိုတောက်လျှောက်လိုက်နေကာ
အစပိုင်းတော့ MD Parkက ကျေနပ်သလိုရှိပေမယ့်
Meeting Roomထဲအထိ အကျီစဆွဲပြီး
လိုက်အုန်းမည်ဆိုတဲ့အခါ အာရုံစားရပြီ။

မောင်က အတိုင်းထက်အလွန်......။

"မပြန်ဘူးဆိုလည်း ရုံးခန်းမှာစောင့်
အထဲကိုတော့လုံးဝလိုက်လို့မရဘူး...ငါဒေါသမထွက်
ချင်ဘူးနော်.."

"ချစ်တယ်ဆို....ချစ်တာကအဲ့တာလား...
မောင်မခွဲနိုင်တာ အပြစ်လား..."

"ငါစစ်သွားတိုက်မှာမဟုတ်ဘူး
ဘာဖြစ်နေတာလဲ..."

ဖြန်းခနဲအရိုက်ခံလိုက်ရသောလက်မောင်းသည်
ကြွက်သားတွေနဲ့သန်သန်မာမာရှိပေမယ့်
မီးတောင်လေးရိုက်လို့ ကို ပိုနာသည်။

"မင်းက ချစ်နေတာမဟုတ်ဘူး
သက်သက်မဲ့ လိုက်ဂျစ်နေတာမျိုးဖြစ်နေပြီ
အရင်လိုတွေ တနေကုန်တနေခမ်းသွားစရာ
နေရာတွေ မင်းအပေါင်းအသင်းတအုပ်ကြီး
ရော ဘယ်ရောက်သွားတာလဲ...
သွားနေပါလား...ချစ်တာကချစ်တာပဲလေ
ငါ့လုပ်ငန်းဆောင်တာတွေကိုဒီလိုလာဂျီနေလို့မရဘူး"

"JeonGroup က မောင့်ဟာ......"

"ဟုတ်လား အေး အဲ့တာဆို မင်းသွား
အစည်းအဝေးလုပ်လိုက် ငါအိမ်ပြန်နားပေးမယ်..
ရော့ စာရွက်တွေ...."

"Jimin ကလည်းဗျာ......"

"MD နာရီဝက်နေရင် Meeting အဆင်သင့်ဖြစ်ပါပြီ"

အတွင်းရေးမှူးမလေး၏ချိုသာညက်ညော
စွာ လိုတာထက်ပိုအီနေသောအသံကြောင့်
MD Parkမျက်နှာတင်းခနဲ။သူမမျက်လုံးတွေသည်
ဂျစ်နေသော လူဆီသို့ မသိမသာကစားနေကာ
အထူးပဲများပြနေသည်။

မျက်နှာများတတ်သောယောကျ်ားမှန်းသိ၍
ဒီကောင်လေးကို အထင်သေးစွာ
စမ်းသပ်ချင်ကြတိုင်းမှာ ဘာကြောင့်များ
အဲ့လိုဘဝကိုပျော်မွေ့ရသလဲဟုအော်ဟစ်မေးလိုက်
ချင်ပါသည်။

မောင်Where stories live. Discover now