44(Another Extra❤)

Start from the beginning
                                    

ခန့်သျှား​တော့အလှ​လေး၏ မိတ်ကပ်လိမ်းထားသည့်ပုံ​လေးကိုရှားရှားပါးပါး​တွေ့လိုက်ရ​​လေပြီ။

"ယိုယို... ​လေး​လေးကို သမီးပြင်​ပေးတာလား။"

"ဟုတ်... ဦးခန့်... ယိုယိုပြင်​ပေးတာလှတယ်မလား။ ​လေး​လေးကမင်းသမီး​လေးလိုပဲ​နော်"

ဒီစကားကိုသာ သူ့ဂိုဏ်းအ​ဟောင်းက တပည့်​တွေကြားရင် အူလှိမ့်ရယ်​ပေမည်။ ​သေနတ်ကိုင်ပြီး စီးကရက်မချတမ်းခဲ​နေတဲ့ လူစားက မင်းသမီးတစ်ပါးလို ခြယ်မှုန်းခံ​နေရတာမြင်ကြည့်ပါလား။​သွေးတက်သွားလိမ့်မည်။

မဏီ့ကိုကြည့်​တော့ မ​နေတတ်တဲ့မျက်နှာနဲ့ သူ့ပုံစံကို ကွယ်ဝှက်ချင်​နေပုံပါ။လက်တကာကာနဲ့ ခန့်သျှားကို မကြည့်ခိုင်း​ပေ။

"ဒါ​ပေါ့။ မင်းသမီး​လေး​ပေမဲ့ ယိုယို့မင်းသမီးမဟုတ်ဘူး။ ဦးခန့် မင်းသမီး"

ဇာမဏီတင်းပြီ​လေ...

"​ဘောကိုမင်းသမီးလား။ ငါကဘုရင်ကွ"

ခန့်သျှားမျက်နှာလှလှ​လေးအားဖျစ်ညှစ်ကာ​ပြောလိုက်သည်။

"ဘုရင်မဆိုဟုတ်တုတ်တုတ်ကွာ"

"မင်း..."

မဏီ့လက်ကိုသူကနမ်းရှိုက်ကာ ဘုရင်မ​ကိုခစားသလို​ခြေတစ်ဖက်​နောက်ဆုတ်ပြီးနှုတ်ဆက်ဂါရဝပြုသည့်ပုံလုပ်လိုက်​တော့ ဇာမဏီ လူသတ်ရ​အောင် ​သွေးအန်မတတ်ဖြစ်သွားရသည်။

ယိုယို့မှာ​တော့ မိခင်ဗီဇပါသူပီပီ လက်သည်းကိုက်ပြီး ဦး​လေးနှစ်​ယောက် အချစ်စမ်းပုံကိုစူးစမ်း​လေ့လာ​နေသည်။

"ယိုယို မုန့်ဖိုး​ပေးမယ်။ အလှ​လေးထားပြီးသွား​တော့"

ခန့်သျှား အမိန့်​ပေး​တော့ ယိုယိုကစူပုတ်ပုတ်​လေးနှင့်​ပေကပ်​နေသည်။

"အ​တော်စကားနား​​ထောင်တဲ့တူမ..."

မဏီ သမီး​လေးလိုချင်တာအရင်တည်းကပါ။
သူတို့မိသားစုဘဝရဖို့ခက်ခဲလို့​နောက်ထပ်က​လေးမ​မွေး​ပေးနိုင်တာ​ကြောင့် ​မောင်စိတ်မ​ကောင်းလှပါ။

မဏီ့အတွက် ဖြစ်နိုင်ရင် သမီး​လေးထပ်​​ပေးချင်သည်။

တူမ​ကိုသာအစားထိုးချစ်​နေရ​သောမဏီ့အဖြစ်ကရယ်ရသလို သနားဖို့လည်း​ကောင်းသည်။

 Being His Man OR Cupid Lady(Fujoshi)Completed💚Where stories live. Discover now