"ဘာလဲ"

ဆောင်ဟွန်းမေးတော့ သူ့နှုတ်ခမ်းလေးအနည်းငယ်မဲ့လျက်။

"မင်း ကဘန်ဂျမင် မလား?"

ဆောင်ဟွန်းခေါင်းကိုခါရင်းပြုံးမိသည် နာကျင်မှုအနည်းငယ်ပါဝင်လျက်။

"ငါ့ကို လိမ်ပေးပါ နည်းနည်းပဲဖြစ်ဖြစ် ငါအဆင်ပြေအောင်"

"သူပြန်လာမှာပေါ့ မင်းကအဖြစ်သည်းလိုက်တာ"

တကယ်တမ်း ဂျုံဆောင်းက အစွဲအလမ်းကြီးလွန်းသူတစ်ယောက်မို့ သူ့ခံစားချက်ကို သိပါသည်။သို့သော်
ဂျုံဆောင်းကို ဒီလိုပုံစံဖြင့် သူမမြင်ချင်ပါ။

"မင်း ကဘန်ဂျမင် မလား?"

"ဟုတ်တယ်ကွာ ဟုတ်တယ်"စိတ်မရှည်စွာပြောလာသော သူ့ကို ဂျုံဆောင်းက ဘုကြည့် ကြည့်ကာ။

"မင်းက လူလိမ်ပဲ"

"ဟာ မင်းပဲ မျက်နှာငယ်လေးနဲ့လိမ်ပေးပါဆို" သူမျက်နှာကို ရှုံ့မဲ့ပြပြီး အမူအရာပါလုပ်ပြလိုက်တော့ တဟားဟား ရယ်မောလာသည့်ဂျုံဆောင်း။

အမြဲတမ်းပြုံးနေပါချစ်ရသူ မင်းပြုံးရင် နေမင်းတောင်အရည်ပျော်သွားနိုင်တာမို့။

...........................................

ရက်အနည်းငယ် ဘန်ဂျမင်နဲ့အတူရှိခဲ့တာတွေကိုပြန်စဉ်းစားမိတိုင်း ပြေးတွေ့မိချင်သောစိတ်က ထိန်းမရ။ သို့သော် အချစ်က ဘယ်အရပ်မှာမှန်းလည်းမသိ ၊ဖုန်းဆက်လို့မရ ပြေးတွေ့လို့မရအခြေအနေမို့ ရူးမတက်ကို သတိယနေခဲ့သည် ။မဟုတ်ဘူး သူလွမ်းနေခဲ့တာလို့သာ သုံးနှုန်းချင်ပါသည် ။

လွမ်းမိတဲ့အချိန်တိုင်း ဆောင်ဟွန်းကို စိတ်လွတ်ကာငေးမောမိသည်အထိ....နေဝင်ချိန်တိုင်း ဆောင်ဟွန်းကအဖော်ပြုကာ သူသွားရာနောက် စက်ဘီးတစ်စီးနဲ့လိုက်ပါလာမြဲ.......ဆောင်ဟွန်းက သူ့အတွက်အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ပင်။



လာရောက်စားသုံးသူများပြားလွန်း၍
ဆောင်ဟွန်းနဖူးချွေးဆို့ကာ ပျာယာခတ်နေသည်။

ဒီကြားထဲ Ice mocha ဆိုလျှင် Hot Mocha ၊ Espresso မှာလျှင် ရေခဲထည့်ကာ အလွဲလွဲအချော်ချော်ဖြစ်နေသည့် ဂျုံဆောင်းကြောင့် ဆောင်ဟွန်းအလုပ်ပိုရသည်။ယခုလည်း ကြယ်သီးတစ်လုံးကိုငေးစိုက်ကြည့်နေသည့် ဂျုံဆောင်းကငူငူငိုင်ငိုင်ဖြင့်။

My Heart In Parallel UniverseWhere stories live. Discover now