Final Chapter

542 69 12
                                    

++Unicode++

"လျှိုဝှက်ခြင်း"

ကန့်သတ်ခြင်း ချစ်ခြင်းနယ်မြေမှ

အတားအဆီးမဲ့ ချစ်ခြင်းတရား

ရင်ဗဟိုဆီသံကို အံတု၍

သိုဝှက်ခြင်းတွေနှင့် အနိုင်ယူခဲ့ပြီ။

မည်သူမျှမသိပါစေနှင့်။

............................

ညအမှောင်မှ မနက်အလင်းရောင်ထိ မြင်ခဲ့ရသော ဂျုံဆောင်းမျက်လုံးများက ကျိန်းစပ်လို့နေသည်။

အခန်းအတွင်းသို့ အမျိုးသမီးတစ်ဦးဝင်လာကာ ဂျုံဆောင်းအတွက် အဝတ်အစားတစ်စုံယူ‌ေဆာင်လာ၍ အခန်းတခုလုံးကိုသန့်ရှင်းရေးလုပ်နေသည်။

"အရှင်က ဒါတွေ ဝတ်ဆင်ပြီး နန်းဧည့်ဆောင်ကို ကျမနဲ့အတူလိုက်ခဲ့ဖို့မှာလိုက်ပါတယ် "

"ငါ မင်းကိုမေးခွန်းတခုမေးလို့ရမလား"

"ဟုတ်ကဲ့ မေးပါ"

"မင်းတို့အရှင် ဒီအတောအတွင်း နေမကောင်း ဖြစ်ခဲ့တာမျိုးရှိလား"

"မဖြစ်ခဲ့ပါဘူး။ အယ် ဒါပေမယ့် ကျမတို့နိုင်ငံမှာ ပရိပက္ခတွေတော့ဖြစ်ခဲ့သေးတယ်။
အရှင့်မတိုင်ခင်က အရှင့်ရဲ့မိခင် ကမ်းမလော့ရဲ့ ဘုရင်မ ကွယ်လွန်ပြီးနောက်မှာ စစ်ဖြစ်ခဲ့သေးတယ်။"

သူမက ဂျုံဆောင်းအိပ်ယာခင်းကို ဆွဲဖြုတ်ကာ နောက်အသစ်တခုလှဲရင်း ဆက်ပြောလာသည်။

"အဲဒီ့စစ်ပွဲမှာ အရှင်ဘန်ဂျမင်ကိုအားလုံးက သေသွားပြီလို့ထင်ပြီး ရုပ်အလောင်းကိုနန်းတော်ကိုယူဆောင်ခဲ့သေးတယ် အဲ့ဒီ့တုန်းက အရှင့်ရဲ့ ကိုယ်ရံတော် ဂျိမ်းက အရှင်ကနေမကောင်းဖြစ်နေတယ်လို့ပြောခဲ့တယ်ထင်တာပဲ "

သူမက စိတ်ဝင်တစားနားထောင်နေသည့်
ဂျုံဆောင်းကိုကြည့်ကာ ။

"သခင်လေး ရေမချိုးသေးဘူးလား အရှင်က သခင်လေးကိုစောင့်နေတာမို့ ပြင်ဆင်သင့်တယ်ထင်တယ်။"

"အင်း ဆက်ပြောပါအုံး"

သူမက ပုံတူပန်းချီကို အဝတ်တခုဖြင့်သုတ်ရင်း ဆက်ပြောလာသည်။

My Heart In Parallel UniverseWhere stories live. Discover now