“ဪ ကျွန်တော်မသိခဲ့ဘူးပဲ”
စဉ်းစားသလိုလေးတွေး၍ဆိုလာသောကောင်လေးကြောင့်ခန့်ထည်ဆံပင်လေးတွေကိုအသာဖွပေးမိသည်။
ဘာ့ကြောင့်မှန်းမသိပေမယ့် သူဒီကောင်လေးဆံပင်လေးတွေကိုကိုင်ရတာသဘောကျသည်။
ဆံသားပျော့ပျော့လေးနှင့်ထိုကောင်လေးကလည်း ခန့်ထည်သူ့ဆံပင်တွေကိုဖွသည့်အခါတိုင်း အသာတကြည်ငြိမ်၍ဇိမ်ခံလေ့ရှိသည်။ပိစိနဲ့မတူသည့်အချက်တွေထဲမှာအဲ့ဒါလည်းပါသည်။
မိုးသားကအချွဲလုံးလေး။
အချော့ကြိုက်သည်။
အငိုသန်သည်။
အားငယ်တတ်ပြီး တဖက်လူကိုအားကိုးတတ်လွန်းသည်။ဒီကလေးသူ့ကိုတွယ်တာမှန်းသိပေမယ့်လည်း သူမငြင်းသည်မှာထိုအချက်တွေကြောင့်ဖြစ်သည်။
ပိစိကမိုးသားနှင့်မတူအတော်အသင့်ရင့်ကျက်ပြီးstrongဖြစ်တဲ့သူမျိုးဖြစ်သည်။“အကိုချစ်ဖူးလား”
ဘုရားရင်ပြင်တော်ပေါ်ကညောင်ပင်အောက်မှာထိုင်ရင်း မျက်လွှာလေးချ၍မေးလာသောမိမိဘေးက ကလေးငယ်။
“အင်း ချစ်ဖူးတာပေါ့ အများကြီး။
ဘယ်သူ့ကိုအချစ်ဆုံးလဲလို့တော့မမေးနဲ့နော် ကိုယ်မဖြေတတ်ဘူး။
ရည်းစားဟောင်းတွေတုန်းကလည်းချစ်တာပဲ။
အခုလက်ရှိflirtနေတဲ့ကောင်မလေးတွေရောပဲ ဟားဟား။
ကိုယ်ချစ်တတ်ပါတယ်ကွ”ကျွန်တော့်အဖြေကိုရယ်သံနှော၍ အကိုကတုံ့ပြန်လာ၏။
“ဒါဆို ကျွန်တော်မေးခွန်းပြောင်းမေးမယ်။
တစ်စုံတစ်ယောက်ကိုနင့်နင့်နဲနဲချစ်ဖူးလား”“ဟင့်အင်း ကိုယ်ကကိုယ့်ကိုယ်ကိုလောက်
ဘယ်သူ့မှမချစ်ဘူး”“ကျွန်တော်ကချစ်ဖူးတယ်။နင့်နင့်နဲနဲပဲ။အဲ့လူမျက်နှာတစိမ့်စိမ်ကြည့်ပြီး ဒီလူ့ကိုချစ်ခွင့်ရတာကျေနပ်လိုက်တာ ပျော်လိုက်တာဆိုတဲ့ခံစားချက်မျိုးရတဲ့အထိကိုချစ်တာ။ကိုယ့်ထက်အသက်ကြီးတဲ့သူ့ကို ကလေးလေးလို့ပဲမြင်ပြီး သူဘာလုပ်လုပ်အပြစ်မမြင်ဘဲ ပိုပိုတိုးပြီးချစ်ရတဲ့အထိပဲ”
ဒီတစ်ခါတော့ ထိုကလေးကကျွန်တော့်မျက်နှာကိုစေ့စေ့ကြည့်၍ဆိုလာသည်မို့ ကျွန်တော့်မျက်ဝန်းတွေအဝေးသို့လွှဲနေမိခဲ့သည်။
YOU ARE READING
နွေဦးလေပြေ🤍
General Fiction"အကိုကကျွန်တော့်အတွက်တော့ နွေဦးလေပြေလေးလိုပဲ။ ဘယ်ချိန်ပြန်တွေးတွေး သတတနဲ့ကြည်နူးနေမိတုန်း လွမ်းဆွတ်နေမိတုန်းပဲ" မိုးသားရောင်
နွေဦးလေပြေ🤍(အပိုင်း_၁၆)
Start from the beginning