နွေဦးလေပြေ🤍(အပိုင်း_၁၆)

Zacznij od początku
                                    

“ကျွီ"
“အင့်”

ကိုယ့်အာရုံနဲ့ကိုယ်အလုပ်ရှုပ်နေစဉ် ရုတ်တရက်ထိုးရပ်သွားသောကားကြောင့် မိုးသားအရှိန်လွန်၍ အကို့ရင်ခွင်ထဲကိုပစ်ဝင်သွားမိသည်။ချက်ချင်းခေါင်းကိုမော့ကြည့်မိတော့ မိမိကိုငုံကြည့်နေသည့်အကို့မျက်ဝန်းညိုတွေနဲ့ဆုံသည်။

အကိုနဲ့ဆုံတိုင်းတစ်ခါမှ‌စေ့စေ့မကြည့်ပဲ မျက်နှာအရင်လွှဲတတ်ခဲ့သည်မို့ အကို့မှာမျက်ဝန်းညိုတွေရှိမှန်းမိုးသားမသိချေ။ မဲနက်နက်မျက်ခုံးတွေကလည်း အကို့မျက်ဝန်းညိုတွေနဲ့တကယ်ကိုလိုက်ဖက်လွန်းလှသည်။ ပြုံးရောင်သန်းနေသည့် အကို့နှုတ်ခမ်းတွေဆီအကြည့်အရောက် မိုးသားမျက်နှာလွှဲလိုက်မိသည်။

“အ အဟမ်း မှတ်တိုင်ရောက်ပြီ”

နားရွက်လေးတွေရဲပြီးပြေးဆင်းသွားသောကောင်လေးကြောင့် ခန့်ထည်နောက်ကနေအမှီလိုက်ဆင်းလိုက်ရသည်။

“ဟိတ်ကောင် စောင့်‌ဦးကွ”

“ကျွန်တော်ဗိုက်ဆာနေပြီအကိုရ”

မျက်နှာလေးရှုံ့ကာ ‌ဗိုက်ကလေးပွတ်၍ပြောနေသောကလေးပေါက်ကတကယ်ဗိုက်ဆာနေဟန်။
ရွှေတိဂုံဘုရားဆီအရင်မတက်သေးဘဲ မဟာဝိဇယျဘုရားကစား‌သောက်တန်းဘက်မှာပဲBreakfastစားဖို့ပြင်လိုက်ကြသည်။
ဒီကောင်လေးကိုတစ်ခါတစ်ခါ ဟိန်းထက်အတင်းဆူပြီးထမင်းကျွေးရတာလည်းမပြောနဲ့။အစားတကယ်နည်းတာ။ဗိုက်ဆာလို့ဆိုပြီး ထမင်းကြော်တစ်ပွဲမှာလိုက်တာ တစ်ဝက်တောင်မကုန်သေးဘူး။ ဆက်မစားတော့ချေ။

သူလည်းမနက်အစောကြီးမဆူချင်တာနဲ့မသိချင်ယောင်ဆောင်ပြီး ပိုက်ဆံရှင်းဖို့ပြင်ရတော့သည်။
တစ်လမ်းလုံးပွစိပွစိပြောလာသည့်ကောင်လေးကဘုရားပေါ်ရောက်တော့အလိုလိုငြိမ်သွား၍ ခန့်ထည်စိတ်ထဲကြိတ်ချီးကျူးလိုက်မိသည်။က‌လေးဆန်ပေမယ့် ဘာသာရေးတော့လေးစားသားပဲ။

“အကိုကတနလ်ာသားမဟုတ်ဘူးလား ဘာလို့အဂ်ါထောင့်ကိုလာတာလဲ”

“ကိုယ့်နာမည်ကနေ့သင့်နံသင့်ပေးထားတာမဟုတ်ဘူးမိုးသားရဲ့။ ငယ်ငယ်ကစာသင်ဖူးတဲ့ ဘုန်းတော်ကြီးကျောင်းကပေးထားတာ”

နွေဦးလေပြေ🤍Opowieści tętniące życiem. Odkryj je teraz