ပထမအသုတ်ရဲ့ လေလံပစ္စည်းတွေက ရွှီဝမ်းယာ လိုချင်နေတဲ့ ပစ္စည်းတွေဖြစ်တာကြောင့် သူကိုယ်တိုင် အကဲခတ်ဖို့ ဆုံးဖြတ်လိုက်တယ်။

မုန့်ရန်ရဲ့ရှေ့မှာ ထိုင်နေတဲ့ ဘရက်ဒလီ က မုန့်ရန်ကိုလှည့်ပြီးစကားပြောခဲ့တယ်။

"ကျေးဇူးပြုပြီး အရင်သွားနှင့်လိုက်ပါ"

မုန့်ရန် ဘာလုပ်ရမလဲမသိပေမယ့် ဒီလူနဲ့ အသုံးမဝင်တဲ့စကားတွေပြောချင်စိတ်မရှိဘူး။ဒါ့ကြောင့် ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး အရည်အသွေးအကဲခတ်ဖို့ ရှေ့ကိုထွက်လာလိုက်တယ်။

မုန့်ရန်အတွက်က ဒီပစ္စည်းတွေကို ကြည့်နေစရာမလိုဘဲ အနံ့ခံကြည့်ရုံနဲ့တင် အဆင်ပြေနေပြီ။ဒါ့ကြောင့် နေရာမှာပြန်ထိုင်နေဖို့ဆုံဖြတ်လိုက်တယ်။နည်းနည်းလောက် စဉ်းစားပြီးတဲ့အခါ သစ်သားပြားလေးအပေါ်မှာ ခန့်မှန်းထားတဲ့ စျေးနှုန်းကို ချရေးလိုက်တယ်။

"ယုံကြည်ချက်ရှိလား?"

လင်စုန်ထိုင်က မုန့်ရန် ကိုမေးလိုက်တယ်။

"ဟုတ်ကဲ့"

မုန့်ရန်ကလဲ ခေါင်းညိတ်ပြလိုက်တယ်။

အဲ့နောက် လင်စုန့်ထိုင် ပြုံးပြုံးကြီးနဲ့ လက်ဖက်ရည်ကြမ်း ဆက်သောက်နေလိုက်တယ်။

သစ်သားပြားတွေကို သိမ်းပြီးတဲ့အခါ ဝန်ထမ်းလေးတစ်ယောက်က ရလဒ်ကို အသံကျယ်ကျယ်နဲ့ကြေငြာလိုက်တယ်။

"ကုန်ကြမ်း No.1 နဲ့ 2 ကို ခုံနံပါတ် 17 ကဧည့်သည့်ရရှိသွားပါတယ်"

လင်စုန့်ထိုင် ရဲ့အပြုံးတွေပိုမိုပြန့်ကားလာတယ်။ရွှီဝမ်းယာကတော့ လက်သီးတစ်ချက်ဆုပ်လိုက်ပြီး မုန့်ရန်ကိုလှည့်ကြည့်တယ်။ကုန်ကြမ်း No.1 ကို သူတကယ်လိုအပ်နေခဲ့တာ။

နောက်ထပ် လေလံနှစ်သုတ်စလုံးက ကုန်ကြမ်းတွေကိုလဲ မုန့်ရန်တစ်ယောက်တည်းကသာ လေလံအောင်သွားခဲ့တယ်။တခြားလေလံသမားတွေကတော့ အတော်လေးကိုဒေါသထွက်နေကြပြီ။အပြင်ကနေ ကြည့်နေတဲ့သူတွေကတော့ အံ့သြလွန်းလို့ ဒီအကြောင်းကို ဆွေးနွေးနေကြတယ်။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now