"ဟုတ်ကဲ့ ကျွန်တော် မှတ်သားထားပါ့မယ်"

သူ့ဆရာပြောတာတွေကို မုန့်ရန်ယုံကြည်တယ်။ရှေ့လျှောက် နာမည်ကြီးလေလံပွဲတွေမှာ ဝင်ပါဖို့ဆိုရင် အခုထဲက ကောင်းသတင်းနဲ့ နာမည်ကြီးလာအောင်ကြိုးစားထားရမယ်။

"မင်း ခနနေရင် ငါနဲ့အတူစျေးနှုန်းတွေ ခန့်မှန်းကြည့်မလား?"

လင်စုန့်ထိုင် က မုန့်ရန်ကိုမေးလိုက်တယ်။

"အခွင့်ရေးပေးတဲ့အတွက် ကျေးဇူးပါ ဆရာ။စျေးနှုန်းတွေကိုမှန်အောင် ခန့်မှန်းနိုင်ရင် ကျွန်တော့်ဘာသာဝယ်ယူခွင့်ရနိုင်မလား?"

"သေချာတာပေါ့ "

"တကယ်ကျေးဇူးတင်ပါတယ် ဆရာ"

မုန့်ရန် ပျော်ရွှင်စွာ နဲ့ ကျေးဇူးတင်စကားဆိုလိုက်တယ်။

မောင်းတီးသံကြားရတဲ့အခါ သစ်သားခေါက်တံခါးတစ်ချပ်ပွင့်လာခဲ့တယ်။အရည်အချင်းပြည့်မှီတဲ့ လေလံဆွဲသမားတွေကတော့ အထဲကို ဝင်သွားကြပြီး ကျန်တဲ့သူတွေကတော့ အပြင်ကနေပဲရပ်ကြည့်နေရတယ်။

ဝင်ခွင့်ရတဲ့သူတိုင်းက အကူတစ်ယောက်ဆီခေါ်ယူခွင့်ရှိတယ်။ထိုအကူ ကလဲ စျေးနှုန်းခန့်မှန်းတဲ့နေရာမှာထူးချွန်ဖို့တော့လိုတယ်။

လင်စုန့်ထိုင် လိုပဲ တပည့်တွေကို လက်တွေ့လောကရဲ့ အတွေ့အကြုံတွေသင်ယူစေဖို့ ရောက်လာကြတဲ့သူတွေလဲရှိတယ်။

ယွီကျွင်းချန် က ရွှီဝမ်းယာ ရဲ့တန်ဖိုးအထားရဆုံး
တပည့်ဖြစ်တာကြောင့် ရွှီဝမ်းယာကတော့ ယွီကျွင်းချန် ကို သူနဲ့အတူခေါ်လာခဲ့တယ်။ကျောင်းအသိုင်းအဝိုင်းနဲ့ အဖွဲ့စည်းတွေ ဘာတွေပဲပြောနေပါစေ၊ ရွှီဝမ်းယာကတော့ ယွီကျွင်းချန် ပိုပြီးအောင်မြင်လာဖို့ လေ့ကျင့်သင်ကြားပေးနေတယ်။အကယ်၍ ယွီကျွင်းချန် ကသာ မုန့်ရန်ကို မယှဉ်နိူင်ခဲ့ရင် လင်စုန့်ထိုင် က ဒီအခွင့်ရေးကိုသုံးပြီးသူ့ကို ဖိနှိပ်လိမ့်မယ်။

လေလံပထမအသုတ်ကို ပစ္စည်း ၂ မျိုးနဲ့ စတင်ဖွင့်လှစ်ခဲ့တယ်။လေလံပစ္စည်းရဲ့ အရည်အသွေးကို အကဲခတ်ဖို့ တစ်ဖွဲ့ကိုတစ်ယောက်နှုန်းနဲ့သာ ခွင့်ပြုပေးထားတယ်။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now