အသံတစ်ချို့ကြားလာရတော့မှ တည်မြဲသတိဝင်လာသည်။ အဝါရောင်အကျီလေးထဲခေါင်းလျှိုကာ ဗိုက်ကလေးကိုလိုက်နမ်းနေမိခြင်းဖြစ်သည်။ တည်မြဲ အသက်ကိုပြင်းပြင်းရှုကာ စိတ်ကိုလျော့ချလိုက်သည်။ တစ်ခါမှဒီလောက်ထိအသိစိတ်လွတ်တာမျိုး မကြုံဖူး။ အခုတလော သူ့ကိုတွေ့ရင် အပူလှိုင်းများတရိပ်ရိပ်တတ်လာတာကြောင့် တည်မြဲက ထိန်းချုပ်ရခက်နေတာဖြစ်လေသည်။ ချစ်လားဆိုရင်လည်း မချစ်ပေ။ ခန္တာကိုယ်က စိတ်အလိုကိုမလိုက်လေရာ တည်မြဲ စိတ်တင်းကြပ်လာရ၏။
" အဖြေရှာမရဘူးကွာ မင်းနဲ့ပတ်သတ်ရင် ငါအမြဲစိတ်ရှုပ်ရတယ် "
တည်မြဲ ထထိုင်လိုက်သည်။ ခေါင်းကလည်းရှုပ်ထွေးနေပြီး တစ်စက်မှအိပ်မပျော်သေး။ လေအေးပေးစက်ကို လျော့ချလိုက်ပြီး ဆေးလိပ်သောက်ရန် ဝရန်တာကိုထွက်လာခဲ့လိုက်တော့သည်။ မန္တလေး၏ညဘက်က နွေရာသီမို့ အိုက်စက်စက် ၊ လေပူများတိုက်နေ၏။ ဆေးလိပ်နှစ်လိပ်နီးပါးကုန်သွားကာမှ အထဲပြန်ဝင်လာခဲ့လိုက်သည်။ အိပ်ပျော်နေသူကို တစ်ချက်ကြည့်ရင်း ဆန့်ကျင်ဘက်အရပ်သို့ လှည့်ကာအိပ်စက်ခြင်းကိုဦးတည်လိုက်တော့သည်။
<<<<<<
>>>>>>" ဒါဆိုကျွန်တော် မြေနေရာအတွက်စာချုပ်တွေစီစဉ်လိုက်တော့မယ် ဒီမြေကိုတစ်ခါထဲပေးချေတာ ကျေးဇူးတင်ပါတယ်ညီလေး အကိုက သိပ်မကြာခင်ပြည်ပမှာအခြေချတော့မှာလေ...ဒါကြောင့်အကိုဝယ်ထားတဲ့မြေကွက်တွေကို ရောင်းထွက်အောင်လုပ်နေတာ...မြေကလုံးဝအသန့်ပါ "
" ဟုတ်ကဲ့ အကို ဒါဆိုကျွန်တော်တို့စာချုပ်လုပ်လိုက်ရအောင် "
မြေပိုင်ရှင်နဲ့ပွဲစားက ကိစ္စအားလုံးချောချောမွေ့မွေ့ပြီးသွားလို့ဝမ်းသာနေကြသည်။ ပါးနပ်လွန်းပြီး အေးချမ်းတဲ့လူငယ်လေးကိုလည်းချီးကျူးမိကြ၏။ ဒါပေမယ့် လူငယ်လေးနဲ့ပါလာတဲ့ ခန့်ညားတဲ့လူကတော့ တစ်လျှောက်လုံးကားပေါ်ကဆင်းမလာပေ။ ဒါကြောင့်မြေပိုင်ရှင်က သိချင်လာသည်။ Model များလား Modelဆိုလည်း ဓာတ်ပုံတွဲရိုက်ပြီး မိန်းမကိုပြရမည်။ မိန်းမက သူ့Idolတွေ Modelတွေကိုထိရင်တစ်စက်မှမခံ ရန်ဖြစ်ရတာကြောင့် နောက်ဆုံးကိုယ်ကပဲစိတ်လျော့ရတော့သည်။ ဘယ်တတ်နိုင်မလဲ ၊ Fan Girlကိုမှချစ်မိတာကို။
YOU ARE READING
ASTILLBE (Completed)
Teen FictionMarried Life ( Male Pregnant ) " ငါမောင့်ကိုချစ်တယ် ဒါပေမယ့် ငါ့မှာလည်းသည်းခံနိုင်တဲ့အတိုင်းအတာဆိုတာရှိတယ် မင်းငါ့ကိုအရင်ကျောခိုင်းရင် မင်းထားခဲ့တဲ့အတိုင်း ငါနေမယ် ၊ မင်းကိုငါအရင်ကျောခိုင်းတဲ့တစ်နေ့ လုံးဝပြန်လှည့်လာမှာမဟုတ်ဘူးဆိုတာ မောင်မှတ်ထား " "...
Part (9) ( ကလန်ကဆန်လုပ်ရင် အတင်းအကြပ်နမ်းပစ်မယ်)
Start from the beginning