Chapter(296) - ဆေးဘက်ဝင် ဝိညာဉ်ပင် အရောင်းဆိုင်

Start from the beginning
                                    

သူ့ခန္တာကိုယ်က အနည်းငယ် တုန်ယင်နေပြီး သူ့ရဲ့ခရမ်းရောင် နှုတ်ခမ်းပါးကတော့ ညင်သာစွာ ဖိကပ်ထားကာ ဝမ်းနည်းကြေကွဲမှုကို တိတ်တဆိတ် သည်းခံနေသလိုပင်။

ဖုန်ကျင်းယွီက အံ့အားသင့်သွားပြီး အတော်လေး အံအားသင့်မှု တစ်ချို့နဲ့ပြောလာသည်။

"ဒီလောက် မဆိုးဝါးသင့်ဘူးလားလို့? ငါက အဲ့ဒီ တတိယမင်းသားဆိုတဲ့ အကောင် အကြောင်းကို ပြောလိုက်တာနဲ့ သူက ဒီလောက် အကြီးအကျယ် တုန့်ပြန်လာတယ်ပေါ့လေ? အခုတော့ အဲ့ဒီ တတိယမင်းသားက ဘယ်လောက်တောင် မြင့်မြတ်တဲ့ နတ်ဘုရားမျိုးလဲဆိုတာကို ငါတကယ်ပဲ မြင်ချင်လာပြီ"

ယန်ထျန်းဟန်က လင်းချီကုနဲ့ စာချုပ် ချုပ်ထားတာကြောင့် အနည်းနဲ့အများတော့ လင်းချီကုရဲ့ ခံစားချက်တွေကို ခံစားလို့ရနေသည်။ သူက မျက်မှောင်ကျုံ့လိုက်ပြီး သူ့မျက်လုံးထဲမှာ ဝမ်းနည်းမှုတစ်ချို့ ပေါ်လာ၏။

"အားကု, မငိုပါနဲ့" ယန်ထျန်းဟန်က အနားကို လျှောက်သွားပြီး လင်းချီကုရဲ့ သွေးမျက်ရည်အား သူ့လက်ကိုင်ပဝါလေးနဲ့ သုတ်ပေးလိုက်သည်။ သူကစိတ်မကောင်းဖြစ်စွာနဲ့ ဆက်ပြောလေသည်။

"မင်းက သေဆုံးသွားပြီ ဆိုပေမယ့်လည်း ဆက်ပြီး အတူတူ ကျင့်ကြံကြမယ်လေ, အနှေးနဲ့အမြန် မင်းက အသက်ရှင်သန်နေတဲ့ လူတစ်ယောက်လို ဖြစ်လာမှာပါ အဲ့ဒါဆို ခြားနားမှု မရှိတော့ဘူး"

ဖုန်ကျင်းယွီက လင်ရွှမ်းဇီရဲ့ ပုခုံးပေါ် နားလိုက်သည်။

"သူက သေချာပေါက် ငိုနေတာမဟုတ်ဘူး ; သူကသေသွားပြီ"

လင်ရွှမ်းဇီက မေးသည်။

"သူဘာလို့ ငိုတာလဲ မင်းသိလား?"

ဖုန်ကျင်းယွိက နှာခေါင်းရှုံ့သည်။

"သူက ငါ တတိယမင်းသား အကြောင်းပြောတာနဲ့ အဲ့ဒီလို ဖြစ်သွားတာလေ, သူနဲ့ အဲ့ဒီ အာဏာကနေ ပြုတ်ကျသွားတဲ့ တတိယမင်းသားရဲ့ ခွေးသွေးအကြောင်းကို ဘယ်သူက မသိလို့လဲ?"

လင်းချီကုက စက်တစ်ခုလို သူ့ခေါင်းကို ဖြည်းညှင်းစွာဖြင့် မြင့်လာပြီး သူ့ရဲ့ အနက်ရောင် မျက်လုံးတစ်စုံကတော့ ဖုန်ကျင်းယွိအပေါ်မှာ တည်ရှိနေသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now