Chapter(296) - ဆေးဘက်ဝင် ဝိညာဉ်ပင် အရောင်းဆိုင်

Start from the beginning
                                    

ဖုန်ကျင်းယွီက အေးစက်စက် တုန့်ပြန်သည်။

"လင်းချီကုရဲ့ ဘဝတစ်ခုလုံးက အဲ့ဒီမင်းသားအတွက် စိတ်အားထက်သန်စွာနဲ့ သေဆုံးပေးပြီးကတည်းက အဆုံးသတ် သွားခဲ့ပြီ, သူကအခု ဒီအတိုင်း အသေကောင် မဟုတ်တာပဲ ရှိတယ်၊ သေတာလည်း မဟုတ်သလို အသက်ရှင်နေတာလည်း မဟုတ်ဘူး, ဒီလိုမျိုး ထာဝရ နေသွားရတော့ရော ဘာများ ဆိုးဝါးနေလို့လဲ?"

ယန်ထျန်းဟန်က ချက်ချင်းပင် သူ့ပါးစပ်လေးကို ဖိကပ်လိုက်ပြီး ဖုန်ကျင်းယွီအား စိုက်ကြည့်သည်။

"ငါ့မိသားစုရဲ့ အားကုလေး သေဆုံးခြင်းက အဓိပ္ပါယ်ရှိတယ်; သူ့အကြောင်းဘာလို့ လာပြောနေတာလဲ?"

ဖုန်ကျင်းယွီကတော့ အတော်လေးကို အာရုံစိုက်ဖို့ မထိုက်တန်ဘူးဟု ထင်မိသည်။

"အဲ့ဒါကို မိုက်မိုက်မဲမဲ သစ္စာရှိတယ်လို့ ခေါ်တယ်, ငါ, ဖုန်ကျင်းယွီ, အမုန်းတီးဆုံးက ကိုယ့်ရဲ့ စဉ်းစားမှု ပုံစံကို မပြောင်းလဲပဲ ဘဝတစ်လျှောက်လုံးမှာ ကိုယ့်အတွက်ကိုယ် ရှင်သန်နေထိုင်ခြင်း မပြုတဲ့ သူလို အရူးမျိုးကိုပဲ, ငါသူ့ကို လေးစားတယ် ဆိုပေမယ့်လည်း တစ်ချိန်တည်းမှာ အထင်လည်း သေးမိတယ်, အဲ့ဒီကာလတွေမှာ အဲ့ဒီ တတိယမင်းသားလို့ခေါ်တဲ့ အားနည်းပြီး အရည်အချင်းမရှိတဲ့ ခွေးကောင်က လင်းချီကုရဲ့ အရူးအမူး သစ္စာရှိမှုအပေါ်မှာ အသုံးချနေတယ်ဆိုတာကို နယ်မြေကြီး ကိုးခုမှာရှိတဲ့ ဘယ်တော်ဝင်မိသားစုက မသိခဲ့လို့လဲ? ဒါပေမဲ့ ဒီငတုံးကောင်ကတော့ အကြံပေးတာတွေကို နားမထောင်ပဲ ရလဒ်ကတော့ သူ့မိသားစုတစ်ခုလုံး ပျက်စီးသွားတာပဲလေ, အဲ့ဒါကို အပြစ်မတင်ရဘူးလားပြော?"

ယန်ထျန်းဟန်က ပြန်လည်ချေပ ချင်သော်လည်း လင်ရွှမ်းဇီက ဆွဲခေါ်လိုက်သည်။

လင်ရွှမ်းဇီက ဖုန်ကျင်းယွီအား စူးစူးရဲရဲ စိုက်ကြည့်၏။

"အဲ့ဒီစကားတွေထဲမှာ အမှန်တရားတစ်ချို့ ရှိနေတယ် ဆိုရင်တောင် လင်းချီကု ရှေ့မှာတော့ အဲ့ဒီစကားတွေ ပြောခွင့်မရှိဘူး"

ထို့နောက် လင်ရွှမ်းဇီက အဝေးကို ကြည့်လိုက်ပြီး ယန်ထျန်းဟန်နဲ့ ဖုန်ကျင်းယွီတို့က သူ့အကြည့်နောက် လိုက်ကြည့်လိုက်သောအခါ လင်းချီကုရဲ့ မျက်လုံးထဲကနေ တကယ်ပဲ သွေးမျက်ရည် စီးကြောင်းနှစ်ခု ကျဆင်းလာသည်ကို မြင်လိုက်ကြရသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now