^Second Face^Part-16

Start from the beginning
                                        

ဟို အဲ့ဒါတွေက မီးခံသေတ္တာထဲ သူဌေးလေးဘဲ ထည့်ထားတာလေ ကျွန်မတို့ကိုင်ခွင့်မရှိပါဘူး
သူပြောတော့မှ လိုက်ရှာကြည့်တော့ အခန်းရဲ့ထောင့်တစ်နေရာမှာ မီးခံသေတ္တာကြီး
အဟမ်း အဲ့ဒါတော့ ငါသိတာပေါ့ အပြင်ကိုထုတ်မိတာများ ရှိသလားလို့

သြော်.. မရှိပါဘူး သူဌေးလေး မထုတ်တာကြာပြီလေ
အေး အေး ငါနည်းနည်းသွားလို့ သွားတော့ သွားတော့
ဟုတ် ဟုတ်ကဲ့ secretary မကတော့ နားမလည်သည့်မျက်နှာနှင့် ထွက်သွားလေသည်

ဟူးးးး သေစမ်းပါ Oh Sehun ရယ် သိမ်းထားပြီးသွားမေးရတယ်လို့ အဲ ငါနံပါတ်မသိဘဲ ဘယ်လိုဖွင့်မလဲ ကျွတ် ကွိုင်ပဲ ဒါနဲ့ ငါ့ကောင်ကို ငါပြန်ခေါ်ရမယ်ထင်တယ် သူရှိရင် နည်းနည်းအဆင်ပြေမယ် အခုကတစ်ယောင်ထဲ မဖြစ်သေးဘူး

ငါ့ကောင်ဆိုတာ သူ့ company မှာ သူ့ရဲ့secretary bodyguard သူ့ရဲ့အနားမှာအမြဲရှိနေတဲ့ လူယုံတော်ပေါ့ သူ့ကိစ္စ Luhan ကိစ္စ အားလုံးသိထားတယ် Sehun တစ်ယောက် ဒီ company ထဲ သူ့ကိုပါဆွဲသွင်းမလို့လေ

6 နာရီထိုးတော့မှပဲ ရင်ဘတ်ထဲက အလုံးကြီးကျသွားတယ် တစ်နေကုန် ရင်တထိတ်ထိတ်နဲ့ နေ့တိုင်း 6 နာရီသာဖြစ်ပါစေ ကျေးဇူးပြု၍ ...့  စီးပွားတွေအကုန်ပျက်ကုန်တော့မှာပဲ Sehun ရဲ့ အူကြောင်ကြောင် ဆုတောင်းကြောင့်

Sulli အခန်းထဲကိုဝင်ခေါ်တော့ Sulli က ph ပြောနေတုန်း ခဏဆိုပြီး လက်ကာပြတော့ Sehun လည်းစောင့်နေလိုက်တယ် ပြီးမှ
Luhan khaja... miya appa နဲ့ ph ပြောနေလို့
သြော်... ယောက္ခမတော်ကြီးပေါ့

Sehun နဲ့ Sulli အခန်းထဲက ထွက်လာတော့ ဝန်ထမ်းအားလုံး တန်းစီနှုတ်ဆက်နေကြတယ် Sehun ကတော့ Sulli ပခုံးကိုဖက်လိုက်ပြီး လျှောက်လာလိုက်တယ် အားလုံးက မမြင်ဖူးသည့်အလား ကြည့်နေကြတယ် ဘာလဲ ပခုံးလည်းမဖက်ဘူးလား ဟိုလူကြီးက

Luhan ဘာတွေဖြစ်နေတာလဲ ပခုံးကိုဖက်ထားတယ်
ပခုံးဖက်တာပဲ ဘာဖြစ်ရမှာလဲ
ထူးဆန်းနေလို့လေ စဉ်းစားစရာပဲ မနေ့ကစပြီး ပြောင်းလဲနေတာ မလုပ်ဖူးတာတွေလုပ်နေတယ်
ဟီးးး ဒီလိုပါပဲ

Sehun ကတော့ လွဲပြန်ပြီ သူထင်နေတာက Luhan က Sulli ကိုဂရုစိုက်မယ်ပေါ့နော် သိပ်ကိုကြင်နာတတ်တဲ့ လူကြီးဆိုတော့ အခုကတစ်ခြားစီဖြစ်နေပါရော Sehun မဲ့ပြုံးပြုံးလိုက်တယ် ဘာသဘောလဲဟ

အိမ်ရောက်တော့ ရေချိုးထမင်းစား ကြပြီး စကားနည်းနည်းပါးပါး ပြောကြတယ်
Luhan appa ကလေ ပိတ်ရက်ကျရင် အိမ်ကိုလာခဲ့ပါဦးတဲ့ မတွေ့ရတာကြာလို့လေ ဘယ်လိုလဲ သွားမယ်မလား Luhan ကိုမေးကြည့် လိုက်ဦးမယ်လို့ပြောလိုက်တယ်

သေချာပေါက်သွားရမှာပေါ့ ဘာလို့မေးနေဆသးလဲ လာမှာပေါ့ appa ရယ်လို့ပြောလိုက်ပြီးရော
စိတ်ကတော့တော်တော်ပျက်နေပြီ အမယ်လေး အဲ့အိမ်အကြောင်းနဲ့ company လည်းမှတ်ထားရသေး Luhan မက Sulli ကိစ္စတွေပါ ကြာရင်ရူးမှာပဲ

ဟာ ဟားးး သူ့အပြောကို Sulli သဘောကျသွားတယ်ထင်ပါ့
ဟုတ်ကဲ့ ကောင်းပါပြီရှင် ပြောလိုက်ပါ့မယ် ကိုLuhan သိပ်သွက်လာပါလား
သြော်.. ပုံစံပြောင်းကြည့်မလားလို့ နောက်လည်းပြောင်းမှာနော် သိပ်မအံ့သြနဲ့

ခ်ခ် ဘာတွေပြောင်းဦးမှာလဲ
ဒီလိုပါပဲ ဟီးးး
အခွင့်ရတုန်း စကားခံထားတာလေ နောက်မတူတာတွေရှိလာရင် ဒါနဲ့ပိတ်လို့ရတယ် Sehun မင်းတော်တယ် Yehet!!

အိပ်ချိန်ရောက်တော့...,
အခန်းနှစ်ခုကြား Sehun မတ်တပ်ရပ်ရင်း
Sulli... သူခေါ်လိုက်တယ်

Waiting for vitamin votes and feedbacks.. saranghae.. gamsamitha..90°bow...

update နောက်ကျလို့ miya.. Second Second Misses Misses ပဲပြောနေကျလို့ ကျေနပ်ဝမ်းသာ ပီတိဖြာ ဟီး ပုံမှန်ဖြစ်အောင် ကြိုးစားပါ့မယ်လို့

^Second Face^ ( Completed ) Where stories live. Discover now