တစ်ချို့ video တွေမှာလည်း Luhan အသံပါတယ်
Kai ကတော့ဘာမှမပြော ဒါပေမယ့် Sehun က Kai ကိုကြည့်ပြီး
လိုအပ်မယ်ထင်လို့ပါကွာ ကိစ္စတွေပြီးသွားရင် ဒါတွေအကုန် ဖျက်ပစ်လိုက်မယ်
Kai ပြုံးလိုက်တယ် Sehun Luhan ဆိုတဲ့တစ်ယောက်ကို မမေ့နိုင် မမုန်းနိုင်ဘူးဆိုတာ သိသာနေတာပဲ
Ph ပြောင်းလိုက်ပေမယ့် အရင် ph ရဲ့ memory card က Luhan photo တွေ Luhan နဲ့အတူရိုက်ခဲ့တဲ့ video တွေနဲ့ နှစ်ယောက်တွဲလျှောက်လည်တဲ့ ပုံတွေနဲ့ ပြည့်နေတယ်လေ ပြီးတော့ diary တစ်ချို့ပေါ့
Sehun ရယ် မင်းကအညိုး ကြီးလှချည်လား အသံတွေပါပြောင်းတဲ့ အထိ
လုပ်မှလုပ်ပီပြင်အောင် လုပ်ရမှာပေါ့ကွာ
ဟင်းးးး Kai Sehun ကျေနပ်အောင်သာ လုပ်ပေးနေရတာ သဘောတော့မကျ
Luhan meeting room ထဲရောက်သည်ထိ ငြိမ်သက်နေတုန်း အတွေးထဲမျောနေတယ်ဆိုပါတော့ ဒီကအလုပ်တွေကို သေချာလေ့လာထားပေမယ့် တစ်ချို့လျို့ဝှက်လုပ်ငန်းတွေကို မသိသေးပေ
နားလည်ချင်ယောင် ဆောင်နေရတယ်
ဒီမှာရှိတဲ့ ဝန်ထမ်းနာမည်တွေ ရှယ်ယာရှင်တွေ ပြီးတော့ဆက်စပ်နေတဲ့ company တွေအားလုံးမှတ်ခဲ့ရတယ် ကုန်ပစ္စည်းနာမည်တွေရော Sehun ခမျာ ကိုယ့်နာမည်တောင်မေ့တေ့တေ့
သူဌေးလေး လက်မှတ်ထိုးရမယ်
manager အသံကြောင့် အပြင်ဘက် လှည့်ထားတဲ့ ဆုံလည်ခုံကို စားပွဲခုံဘက်လှည့်လိုက်ပြီး အတွေးတွေဖျောက်ကာ စာရွက်တွေထဲ အာရုံစိုက်လိုက်သည်
လက်မှတ် သိပ်ထိုးတတ်တာပေါ့ Luhan လက်မှတ်ကတော့ အထူးတလည် လေ့ကျင့်စရာမလို အရင်ထဲက လိုက်ပြီးထိုးရင်က ထိုးတတ်သွားသည်
ပြီးတော့ manager ကသူ့ကို ပြုံးပြပြီး အရိုအသေပေးသည်
သွားလိုက်ပါဦးမယ် သူဌေးလေး
သူကတော့ ပြန်မပြုံးမိ ဒီတိုင်းခေါင်းညိတ်ပြလိုက်တယ် ဘာလဲ ငါလည်း သူဌေးဘဝကနေ သူဌေးလေးဖြစ်ရတယ် ရာထူးကျသွားတာပေါ့ ကောင်းပါတယ် တစ်ကယ်ဆို ဒါ Luhan ပိုင်တဲ့ company မလား Luhan ကို သူဌေးလို့ခေါ်ရမှာပေါ့
Secretary ကိုလှမ်းခေါ်လိုက်တယ်
သူဌေးလေး ဘာခိုင်းမလို့ပါလဲ
လျို့ဝှက်မှတ်တမ်းတွေ file တွေယူခဲ့ပါ
ရှင် .... secretary က ခေါင်းကုပ်နေတယ်
ဘာဖြစ်လို့လဲ Sehun အသံနည်းနည်းမာလိုက်တော့
YOU ARE READING
^Second Face^ ( Completed )
Fanfiction*Hunhan *Yaoi *အချစ်ကြောင့် ဖြစ်ပေါ်လာတဲ့ အမုန်း *အမုန်းကြောင့် မှားမိပြီးမှ *နောက်ဆုံး အချစ်တွေ ပြန်လည်ရှင်သန်မှာလား ဆိုတာတော့
^Second Face^Part-16
Start from the beginning
