မာန၏ အခြားတစ်ဖက် ✨ Part - 5

Start from the beginning
                                    

" ဟာကွာ !!! ဘာလို့ ဒီလူအကြောင်းက အတွေး
ထဲအထိ ပါလာရတာလဲ"

တစ်ယောက်ထဲ စိတ်တိုပြီး တိုးတိုးလေးရေရွတ်မိတယ်ဆိုရင်ပဲ -----

" လွှမ်းလေး ....  ဘာဖြစ်လို့လဲ.... နေမကောင်းဘူးလား ..... မျက်နှာတွေလဲ နီနေတယ်နော် "

အကိုက pမးလည်းမေး ချက်ချင်းအနားကို ရောက်လာပြီး လွှမ်း နဖူးလေးကို စမ်းကြည့်နေပါတယ်။

" ကိုယ်လဲမပူပါဘူး .... ဘာလို့မျက်နှာတွေက ရဲ
နေရတာလဲ "

" ကျွန်တော်နေကောင်းပါတယ် အကို ရယ် ..... အ
ခုက ဘာတွေချက်နေတာလဲဟင် "

" ကိုယ်နဲ့ လွှမ်းလေး အတွက် ညစာချက်နေတာ
လေ ...... တစ်အိမ်ထဲနေပြီး လွှမ်းလေး နဲ့လဲ သေသေချာချာ စကားမပြောရတဲ့ရက်တွေက များတယ်
မို့လား .... ကိုယ်ကလဲ ဆေးရုံနဲ့ မအားရဘူး .... လွှမ်းလေး ကလဲ အလုပ်တဖက် ... ကျောင်းတစ်ဖက်မို့်
.... ကိုယ်အားတုန်းလေး ညစာချက်ကြွေးချင်လို့လေ
..... ကိုယ် ပြောထားတယ်မို့်လား .... နောက်တစ်
ခါဆို .... ကိုယ်ချက်ကြွေးမယ်လို့လေ"

" ဟား  ...... ဒါဆို ဒီည အကို့ ရဲ့လက်ရာကို ... စားရတော့မှာပေါ့ "

" ဟုတ်ပါ့ဗျာ ..... ကဲ လွှမ်းလေး လဲရေသွားချိုးတော့ ..... ကိုယ်လဲ ချက်ပြီးပြီဆိုတော့ .... အခု ရေချိုးတော့မယ် ..... ပြီးရင်ညစာ စားကြမယ်နော် "

" ဟုတ်ကဲ့ပါဗျာ "

လက်ကလေး နဖူးမှာကပ် သတိဆွဲသလို လုပ်ပြီးမှ ပြေးထွက်သွားတဲ့ ကောင်ငယ်လေးကို ကြည့်ပြီး
ထည်ဝါ တစ်ယောက် ပြုံးလိုက်မိတယ်။ ချစ်စရာ
ကောင်းလွန်းတဲ့ ဒီကလေးဟာ ကိုယ်နဲ့ တစ်မိုး
အောက်မှာ အတူတူလာနေခွင့်ရတာ ထည်ဝါ
ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ ။

တစ်ခါတစ်လေ ဆေးရုံကနေ ပင်ပင်ပန်းပန်း ပြန်
လာရတဲ့အချိန် အိမ်ရောက်တာနဲ့ ဒီကလေး မျက်
နှာကို မြင်လိုက်ရရင် ပင်ပန်းသမျှအားလုံးပျောက်သွားသလို ခံစားရပြီး ဒီကလေးကို မတွေ့ရတဲ့
ရက်တွေဆို ပိုပြီးပင်ပန်းသွားတယ်ဆိုတဲ့ စိတ်ခံစားချက်မျိုးတွေ ဖြစ်လာခဲ့တဲ့နောက်ပိုင်းမှာ ထည်ဝါ
တစ်ယောက် ကိုယ့်စိတ်ကို ပြန်ပြီးဆန်းစစ်မိတယ် ။ ဒါပေမယ့် ဘယ်တော့မှ အဖြေတစ်ခုရတဲ့အထိ
ဆက်မတွေးဖြစ်ခဲ့ဘူး။

မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခြားတစ်ဖက် ( Completed)Where stories live. Discover now